Part 34: Who is she?

2.4K 48 2
                                    

[Unicode]

'ချစ်လို့ လွမ်းလို့ သူ့အနမ်းတွေနဲ့နေချင်လို့"
[Episode -34]

စီးကျလာတဲ့မျက်ရည်တွေကသုတ်လို့မနိုင် ဘယ်ဘက်ပါးကိုသုတ်နေတုန်း ညာဘက်ပါးမှာစိုးရွဲနေလျက် ငိုလွန်းလို့နီမြန်းမို့အစ်နေသည့်မျက်စိနှစ်လုံးလည်းကျိန်းစပ်နေပြီဖြစ်သည်။ ခွဲခန်းတံခါးကြီးဘယ်အချိန်ပွင့်လာမလဲစောင့်နေရတဲ့အချိန်တွေကိုတန်ခိုးရှိရင်ကျော်ပစ်ချင်ပါ၏။

"မီးငယ်"

ဖေကြီးကလေသံခပ်သဲ့သဲ့ဖြင့်ခေါ်ပြီးသတင်းပုခုံးလေးကိုဖျစ်ညစ်အားပေးကာဖက်ထားပေး၏။

"ဖေကြီး မီးကြောင့်ဖြစ်တာသိလား မီးပြောလိုက်တဲ့စကားတွေကိုစိတ်ဆိုးပြီးဆိုင်ကယ်ဦးထုပ်တောင်မပါပဲထွက်သွားတာ"

"မီးငယ်ကြောင့်မဟုတ်ဘူး ဒါမတော်တဆမှုသက်သက်ပဲ ကိုယ့်ကိုကိုယ်အပစ်မတင်ရဘူးလေ"

ဖေကြီးကဘယ်လိုပင်အားပေးနှစ်သိမ့်ပါစေ သူမခေါင်းခါရင်းသာငိုကြွေးနေမိသည်။

"ပန်းကလေး"

ခေါ်သံကြောင့်မော့ကြည့်တော့ဒေါ်ရွှေယုံဖြစ်နေ၏။

"ယုံယုံကြီး ဘွားသတိရပြီလား"

မျက်နှာမကောင်းသည့်ယုံယုံကြီးကခေါင်းခါပြ၏။ ပြီးတော့ သူမနံဘေးကလွတ်နေတဲ့ခုံတန်းမှာဝင်ထိုင်လိုက်ကာ သတင်းလက်ကလေးကိုဖျစ်ညစ်ပေးပြီး...

"ဘွားဘွား ECG ရိုက်ထားရတယ် အဖြေသိရရင်မမြတ်အကြောင်းကြားမယ်တဲ့ ယုံယုံကြီးကိုပန်းကလေးနဲ့သွားနေလိုက်ပါဆိုပြီးအကူအညီ‌ေတာင်းလိုက်တာ ထင်တဲ့အတိုင်းခုထိအငိုမရပ်ဘူးပဲ မငိုပါနဲ့ကလေးရယ် သားကသိပ်မာတာ သေမင်းကိုအနိုင်ယူနေကျ"

ဒီတစ်ခေါက်ရောအနိုင်ယူနိုင်ပါ့မလားဆိုတာ ငါးနာရီကျော်ကြာတဲ့အထိဖွင့်မလာတဲ့ခွဲခန်းတံခါးဝကို‌မျက်နှာသေလေးနဲ့ကြည့်မိ၏။

ဦးထွဋ်ခေါင်ကတော့သမီးဖြစ်သူခံစားနေရတာကိုမကြည့်ရက်နိုင်စွာမျက်နှာလွှဲပြီး ကော်ရစ်တာထောင့်ချိုးဆီထွက်သွားလေသည်။

"သတင်း"

"အမေယုံ"

ကိုတာယာနှင့်အတူ စဝ်စံထွန်းမှာတာဝန်ကျသည့်မမလေပြေကတစ်ဖက်မှာခွဲခန်းဝင်နေလို့နောက်ကျမှရောက်ချလာကြ၏။

ချစ်လို့ လွမ်းလို့ သူ့အနမ်းတွေနဲ့နေချင်လို့(Completed)Where stories live. Discover now