Part 13: Drunker

2.9K 62 0
                                    

"ချစ်လို့ လွမ်းလို့ သူ့အနမ်းတွေနဲ့နေချင်လို့" - [ Episode - 13 ]

ပွဲစဉ်ပထမနေ့မှာပဲ မြန်မာ Team ကလွတ်လွတ်ကျွတ်ကျွတ်နှင့် Semi Final ကိုရောက်သွားတော့ သတင်းတို့မြန်မာတွေအားလုံးဝမ်းသာကြသည်။
Final ပွဲမှာ ထိုင်ဝမ်အသင်း၊ ထိုင်းအသင်းတို့နှင့်အတူဆက်ပြိုင်ရမှာမို့လို့ စိတ်လှုပ်ရှားတာတော့အမှန်။

[Final Day]

ဒီနေ့ကတော့ဝမ်းသာမဆုံးကြတဲ့နေ့ပေါ့။ ဘာလို့ဆို မြန်မာ Team က Winner ဆုကိုဆွတ်ခူးသွားတယ်လေ။ ကင်းကတော့ ထိုင်ဝမ်အသင်းကို mentor အဖြစ်အနီးကပ်စောင့်ကြည့်အမှတ်ပေးရတဲ့သူဆိုပေမယ့် ကိုယ့်နိုင်ငံအသင်းက ပထမဆုရတာကိုကျေနပ်နေသည်။

"ကဲကဲ မနက်ဖြန်မြန်မာပြည်မပြန်ခင် ဒီညဂုဏ်ပြုပွဲလေး celebrate လုပ်ကြမယ်"

"ရေး...."

ဂုဏ်ပြုညစာစားပွဲကို ကင်းတို့တည်းသည့် Leo ရဲ့ဟိုတယ်မှာပဲလုပ်ဖြစ်ကြသည်။ ခရီးစဉ်အစအဆုံး Myanmar team ရဲ့နေထိုင်သွားလာရေးကို Loe  ဘက်ကတာဝန်ယူပေးထားတာဖြစ်ကာ ပထမဆုနှင့်ပြန်လာသည်ဆိုတော့လည်း ဂုဏ်ပြုပွဲကိုသူပဲအကုန်ကျခံလုပ်ပေးသည်။

"ဘယ်လိုလဲ အဆင်ပြေရဲ့လား"

ကင်းအနားသို့လျှောက်သွားကာ ဖန်ခွက်ချင်းတိုက်ပြီး Leo ကမေးသည်။

ရေကူးကန်ဘေးမှာပဲ dinner party ပုံစံမျိုးလေးခင်းကျင်းပေးထားသည့် ပွဲပြင်ဆင်ထားပုံကို ကင်းကဝေ့ခနဲ‌လှည့်ကြည့်ပြီးမှ...

"မဆိုးပါဘူး..အဟွန်း"

"ဒီမှာကြိုးစားထားရတာမယုတ်မလွန်တော့မဖြေနဲ့လေ ချီးကျူးချင်ရင်လွတ်လွတ်လပ်လပ်ချီးကျူးလိုက်စမ်းပါ"

"မန်နေဂျာနဲ့ဝန်ထမ်းတွေပင်ပန်းထားရတာဆိုတော့ သူတို့နဲ့မှပဲအပြည့်အဝချီးကျူးလိုက်မယ်"

"ဒါလည်းစီမံကွပ်ကဲတဲ့သူတော်တာ‌ပဲပြောရမယ်ကွ"

"ဟားဟားဟား"

"ဒါနဲ့ဘယ်လိုဖြစ်တာလဲ ဟိုညကဘာအရေးကြီးလို့ချက်ချင်းကြီးကောက်ပြန်သွားတာလဲ မီသာကမင်းပြန်သွားလို့စိတ်မကောင်းဖြစ်နေတာ"

ချစ်လို့ လွမ်းလို့ သူ့အနမ်းတွေနဲ့နေချင်လို့(Completed)Where stories live. Discover now