Season 2: Part 56

3.5K 107 14
                                    

[Unicode]

"ချစ်လို့ လွမ်းလို့ သူ့အနမ်းတွေနဲ့နေချင်လို့"
Season 2,[Episode - 56]

"ပန်းလေး အခုတည်းနေတဲ့ hotel က ပုဂံက IVY လား တောင်ကြီးက IVY လား"

တစ်ဖက်ကဖုန်းထဲမှာ သတင်းအချက်အလက်အတိကျရထားပုံနှင့်မေးခွန်းထုတ်နေသူကတီမြတ်။ ဒီလိုမေးနေပုံအရတော့ သတင်းတောင်ကြီးရောက်နေတာရိပ်မိနေပြီထင်ပါသည်။

"သတင်းအမှန်အတိုင်းဖြေရင်တီမြတ်ကဖေကြီးကိုပြန်ပြောမှာလားဟင်"

"ပြောစရာလား ညည်းလေးကိုသမီးရင်းမဟုတ်ပဲနဲ့တောင်ရင်ဝယ်ပိုက်ထွေးကျွေးမွေးလာတဲ့‌တီမြတ်က ဩစီထွက်သွားတုန်းကဘယ်လိုရင်ဘက်ကြီးနဲ့ကျန်ရစ်ခဲ့သလဲဆိုတာ အခုညည်းလေးဝမ်းကကျွတ်တဲ့မိုချီလေးကိုလွမ်းပုံမျိုးနဲ့ပေါ့ မအေကမအေပီသတဲ့အလုပ်ကိုလုပ်မှာပဲ တီမြတ်နားလည်ပါတယ် ဒါပေမယ့်..."

တီမြတ်ကပြောမယ့်စကားကိုခဏရပ်ထားပြီး သက်ပြင်းချသည်။ ပြီးမှ...

"ကလေးကသူ့ဖအေနဲ့နေတာတစ်လလည်းပြည့်တော့မယ် သူတို့သားအဖချင်းညီညွတ်မျှတပြီးအဆင်ပြေနေတဲ့ပုံဆိုတော့ ဒီအလောင်းအစားမှာ မောင်ထွဋ်ရှူံးတော့မယ်လို့ တီမြတ်ထင်တာပဲ"

"ဖေကြီးရှူံးရင် သတင်းကလည်းသမီးလေးကိုလက်လွှတ်လိုက်ရတော့မှာမဟုတ်လားတီမြတ်ရယ်"

"အာ့တာကြောင့် တောင်ကြီးကိုလိုက်သွားတာလားပန်းလေးက"

"သမီးလေးကိုသတင်းအဆုံးရှူံးမခံနိုင်ဘူး တစ်လလည်းပြည့်မှမပြည့်သေးတာ သမီးကိုသွားတွေ့တာမဟုတ်လို့ သတင်းဘက်ကစည်းကမ်းချိုးဖောက်တာလည်းမမည်ပါဘူး"

ဖေကြီးနဲ့ဦးရှတို့အချင်းချင်းပြိုင်ဆိုင်ကြတဲ့ပွဲမှာ တကယ်တမ်းရင်ကွဲနာကျရမှာကသတင်းပဲဖြစ်လေသည်။

"ပန်းလေးကိုတီမြတ်တစ်ခုမေးချင်တယ်"

"တူဝရီးချင်းစကားပလ္လင်ခံစရာမလိုပါဘူးတီမြတ်ရယ်"

"မလိုဘူးဆိုပေမယ့် မေးဖို့မမေးဖို့ကချင့်ချိန်ရသေးတယ်လေ လူငယ်တွေမေတ္တာရေးကိုလည်းတီမြတ်ကဂဃနဏမှမသိပဲကို"

ချစ်လို့ လွမ်းလို့ သူ့အနမ်းတွေနဲ့နေချင်လို့(Completed)Where stories live. Discover now