Season 2: Part 46

4.2K 98 4
                                    

[Unicode]

"ချစ်လို့ လွမ်းလို့ သူ့အနမ်းတွေနဲ့နေချင်လို့"
Season 2 [Episode - 46]

"ကျစ်"

ခေါင်းတွေကိုက်လိုက်တာဆယ်‌ေပါင်တူနဲ့ထုထားသလိုပင်။ စုတ်တစ်သပ်သပ်နှင့်ကိုယ့်နားထင်ကိုယ်ဖိပြီး အိပ်ရာကနိုးလာတဲ့အထိအိမ်မက်ထဲကရုန်းထွက်လို့မရသေးပါလား။
သတင်းကိုသူခဏလေးတွေ့ပြီး သူမနှင့်အတူ wet dream တစ်ခုကိုမက်ခဲ့သည်တဲ့။

RingRingRing
~ငါမငို‌ေတာ့ဘူး မင်းလည်းမသွားနဲ့ ဆုလာဘ်ကလေးရယ်~

"Hello"

"..........."

"ညကမင်းတို့ငါ့ကိုလိုက်ပို့တာမဟုတ်ဘူးလား"

"..........."

"နောက်မှဖုန်းပြန်ဆက်လိုက်မယ်"

စက်နဲ့တာယာကသူ့ကိုဘားမှာထားခဲ့ပြီး လောင်းကြေးတစ်ခုလုပ်ခဲ့ကြသည်တဲ့။ တစ်ညလုံးဒီအတိုင်းရှိနေမလား တစ်ယောက်ယောက်ကလာခေါ်ပေးမလားဆိုတာကိုဒီမနက်ထိစောင့်ကြည့်ပြီးမှဖုန်းဆက်တာလို့ စက်ကပြောသည်။ ဒါဆို ညကသူ့ကိုပြန်ပို့တာဘယ်သူလဲ။ မဟုတ်မှ သတင်းများလား။

"ဟာ"

ညကပုံရုပ်တွေရုပ်ရှင်အနှေးကွက်ပြသလိုသူ့ခေါင်းထဲအစီအရီပြန်ပေါ်လာကြ၏။ သတင်းသူ့ကိုအခန်းထဲထိပြန်လာပို့ပေးခဲ့တာပဲ။ အဲ့ဒိနောက်ပိုင်းသူ...

"‌ကျစ်..အိမ်မက်မဟုတ်ဘူးပဲ"

သတင်းမနေ့ညကသူနှင့်အတူရှိနေခဲ့သည်။ ဘယ်အချိန်ထပြန်သွားသလဲမသိရပေမယ့် သူမသူ့ကိုပိုမုန်းသွားတယ်ဆိုတာတော့သေချာ၏။စိတ်ညစ်ညစ်နှင့် ခေါင်းပေါ်ကဆံပင်တွေထိုးဖွပစ်လိုက်ကာ ကပျာကယာကုတင်ပေါ်ကပြေးဆင်းပြီးခြေလှမ်းတို့ကသူမအခန်းတံခါးဆီ...

"သတင်း! အခန်းထဲမှာရှိလား"

*ချလောက်*

Laundry ဝန်ထမ်းအမျိုးသမီးလေးကမွေ့ယာခင်းတွေပိုက်လျက်ထွက်လာကာ အင်္ကျီရင်ကွဲနဲ့သူ့ကပိုကရိုပုံစုံကိုမျက်လုံးပြူးနှင့်ကြည့်၏။

"ဒီအခန်းကဧည့်သည်တွေရော..ကလေးလေးတစ်ယောက်လည်းပါတယ်"

"ဪ..မနက်ကတင် check out လုပ်သွားပြီရှင့်"

ချစ်လို့ လွမ်းလို့ သူ့အနမ်းတွေနဲ့နေချင်လို့(Completed)Where stories live. Discover now