Part 28: I prefer crying

3.2K 57 2
                                    

[Unicode]

"ချစ်လို့ လွမ်းလို့ သူ့အနမ်းတွေနဲ့နေချင်လို့"
[Episode - 28]

*ဟတ်ချိုး*

*ဟတ်..ဟတ်..ဟတ်..ဟတ်ချိုး*

လူကသာတစ်နေကုန်အိပ်ရာပေါ်ကမထပဲ စောင်ခေါင်းမြီးချုံထဲကမထွက်တာ နှာချေသံကအဆက်မပြတ်။ သတင်းသူ့ဆီကအဖျားကူးသွားတာထင်သည်။ ကုတင်ဘေးမှာ ထိုင်ခုံဆွဲယူလာပြီး DBMS (Database Management System ) နဲ့ပတ်သတ်တဲ့ဆောင်းပါးတွေထိုင်ဖတ်နေတဲ့သူလည်းဘယ်လိုမှမနေသာတော့။

ကင်းချက်ချင်းထလိုက်ကာ ဆောင်ခေါင်းမြီးချုံလေးကိုဆတ်ခနဲဆွဲလှန်လိုက်တော့ ‌ဆံပင်တွေဖရိုဖရဲတင်နေသည့်နဖူး‌ပြင်လေးပေါ်လာ၏။ သို့သော်သတင်းကသူမစောင်ကိုအတင်းပြန်ချုံဖို့လုပ်တာကြောင့် သတင်းလက်လေးနှစ်ဖက်ကိုသူ့ဘယ်လက်တစ်ဖက်တည်းနှင့်ချုပ်လိုက်ကာ...

"ငြိမ်ငြိမ်နေကွာ ကိုယ်ပူစမ်းကြည့်မလို့"

ပြောလည်းပြော ကင်းရဲ့ညာလက်တစ်ဖက်ကလည်းဆံပင်တွေရှုပ်ပွနေတဲ့ကြားကနဖူး‌ပြင်လေးကိုအသာစမ်းလိုက်၏။

"ဖျားနေတာပဲကွ အဟွန်း"

သူများဖျားနေတာကိုသူကရယ်စရာလား။

လိပ်ခွံလေးထဲကလိပ်ခေါင်းလေးလို စောင်ခေါင်းမြီးချုံထဲက‌ေနမျက်လံုးအထိသာဖော်ထားတဲ့သတင်းဟာ သူ့ကိုမျက်စောင်းထိုး၏။

"ကိုယ့်ဆီကအဖျားကူးသွားတာသိလား ကိုယ်ငွေ့လှုံတာများသွားလို့နေမှာ"

ရယ်ချင်သလိုပြုံးချင်သလိုပြောနေတဲ့ကင်းမျက်နှာကိုသတင်းကမျက်လုံးဝင့်ကြည့်လိုက်ကာ မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်နှင့်စဉ်းစား၏။ ပြီးတော့ သူပြောလိုက်တာကိုအခုမှသဘောပေါက်သွားပုံ။

"ဦးစူးရှ လူညစ်"

ဒါသူ့ကိုဒီတနေကုန်ပထမဆုံးတုံ့ပြန်တဲ့စကားလုံးဖြစ်၏။

"ချစ်လို့ညစ်မိသွားတာ"

ချစ်တယ်ပြောပြီးလူကိုအတင်းအနိုင်ယူခဲ့တာဘယ်သူလဲ။

"ကိုယ်ဖုန်းထွက်ဆက်လိုက်ဦးမယ်"

သူမနဖူးလေးကိုရွတ်ခနဲငုံ့နမ်းကာအပြင်ထွက်သွားတော့မှ စောင်ခြုံထဲကထွက်ရတော့၏။ အနီရောင်အကွက်လေးစွန်းထင်းနေသည့်ဖြူလွှလွှမွေ့ယာခင်းကိုစိတ်မသက်သာစွာတစ်ချက်ကြည့်လိုက်ကာ toilet ဝင်ရတော့၏။ ပြန်ဝင်လာရင်တစ်ခါထိုင်သုံးနာရီနှုန်းနဲ့ဘေးမှာစာထိုင်ဖတ်နေလို့ သူနဲ့မျက်နှာချင်းဆိုင်ဖို့ရှက်နေသေးသည့်သတင်းဟာ အပေါ့အပါးသွားဖို့အရေးသူအထွက်ကိုစောင့်နေရသည့်အဖြစ်ပါ။ တစ်ခါတည်းခပ်သုတ်သုတ်ရေချိုးပစ်လိုက်ပြီး ပြန်ထွက်လာလိုက်တော့...

ချစ်လို့ လွမ်းလို့ သူ့အနမ်းတွေနဲ့နေချင်လို့(Completed)Where stories live. Discover now