Season 2: Part 61

4.2K 142 22
                                    

[Unicode]

"ချစ်လို့ လွမ်းလို့ သူ့အနမ်းတွေနဲ့နေချင်လို့"
Season 2, [Episode - 61]

"စိတ်မထိခိုက်ပါနဲ့သတင်းရယ် အဆင်ပြေသွားမှာပါ"

တရှူံ့ရှူံ့ငိုနေရှာတဲ့သတင်းဟာ ကိုကင်းအတွက်အတော်လေးစိုးရိမ်ပူပန်နေရှာတာမို့ ကျောလေးအသာသပ်ကာချော့ရသည်။

"မမှီရယ် ဦးရှအတွက်စိတ်မကောင်းလိုက်တာ"

ပိုပြီးစိတ်မကောင်းဖြစ်ရသည်က ဦးရှအလိုအပ်ဆုံးအချိန်တွေမှာသတင်းကအနားရှိမပေးတဲ့အပြင်နာကျင်ရအောင်လုပ်ခဲ့မိ၍ဖြစ်သည်။

သတင်းနဲ့အတူကားအက်ဆီးဒန့်ဖြစ်တုန်းက သတင်းကိုမထိခိုက်အောင်သူ့ရင်ခွင်ထဲအုပ်မိုးပြီးကာကွယ်ပေးခဲ့ပေမယ့် သတင်းကတော့သမီးလေးကိုယ်ဝန်ပျက်ကျသွားပြီလို့ ဆေးရုံတောင်မဆင်းရသေးသည့်သူ့ကိုလိမ်ညာထားရစ်ခဲ့ရက်သည်။

ဘွားဘွားကိုသိပ်ချစ်တဲ့ဘွားဘွားကသိပ်ချစ်တဲ့မြေးဦးတစ်ယောက်အနေနဲ့ ဘွားဘွားဆုံးချိန်မှာထိခိုက်ကြေကွဲနေရှာမှာပေမယ့် ထိုအချိန်တုန်းကလည်းသတင်းကအနားမှာရှိမနေခဲ့။

"အားလုံးက သတင်းလွန်ခဲ့တာတွေချည်းပါပဲ ဟင့်"

"အမှန်တွေမြင်ပြီးရင် အမြင်တွေမှန်သွားပြီမဟုတ်လား အတိတ်အတွက်နောင်တမရပဲ ပစ္စုပ္ပန်မှာသူ့အပေါ်အတိုးချချစ်ပေးလိုက်ပါညီမလေး"

"သတင်းကမသိတတ်တဲ့သူပါ"

"အာ့တာမသိခဲ့တဲ့အရင်ကတွေလေ ညီမလေးကငယ်ရွယ်သူလည်းဖြစ်ခဲ့တာကို အဲ့ဒိလိုအရွယ်မှာမှားဖူးမှ ဒီလိုအရွယ်မှာသင်ခန်းစာယူလို့ရမှာပေါ့"

"သတင်းသင်ခန်းစာရပါပြီ"

ကိုယ့်အတ္တတွေရှေ့တန်းတင်ခဲ့လို့ အချစ်‌မှာရောဘဝမှာပါ နောင်တရစရာတွေကြုံခဲ့တာမို့လို့ သင်ခန်းစာတော့အတော်လေးရသွားပါပြီ။

သတင်းကဦးရှအချစ်တွေကိုသူများနဲ့မျှဝေမပေးနိုင်ခဲ့တာပါ။အချစ်ကိုကိုးကွယ်မိခဲ့တဲ့အရွယ်မှာ မိုးမမြင်လေမမြင်ချစ်ခဲ့ဖူးသလို အချစ်ကြီးလို့လည်းအမျက်ကြီးခဲ့သည်။

ချစ်လို့ လွမ်းလို့ သူ့အနမ်းတွေနဲ့နေချင်လို့(Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ