Season 2: Part 47

3.6K 101 15
                                    

[Unicode]

"ချစ်လို့ လွမ်းလို့ သူ့အနမ်းတွေနဲ့နေချင်လို့"
Season 2 [Episode - 47]

"Boss ဖုန်းလာနေတယ်ရှင့်..သတင်းဆက်တာ"

အစည်းအဝေးပြီးပြီးချင်းထွက်လာရုံရှိသေးသည် ဖြူပြာ့စကားကြောင့် သူ့မျက်ခုံးတစ်ဖက်ပင့်တက်သွားသည်။ နက်ခ်တိုင်ဖြေလျော့ရင်း အလုပ်စားပွဲပေါ်ကဖုန်းကိုကောက်ကိုင်လိုက်တော့..

"Hello"

"..........."

"ကိုယ်ကတွေ့ဖို့မရှိဘူး..ဘာရမလဲ..တော်ကြာမင်းအဖေကသူ့သမီးနဲ့ပြန် date နေလို့စွတ်ကောနေဦးမယ်"

"..........."

"အသားယူတယ်ပြောရအောင်ကိုယ်တို့အခုဖုန်းပြောနေတာနော်..ထွေထွေထူးထူးကိစ္စမရှိရင်ဖုန်းချလိုက်မယ်"

"............"

"ဖုန်းဆက်တာမင်းလေ..ကိုယ်ကဘာပြောရမှာလဲ"

တစ်ဖက်မှာဘယ်လောက်အံကြိတ်ဒေါသထွက်နေမလဲပုံဖေါ်ရင်း သူအောက်နှုတ်ခမ်းကိုကိုက်ထားမိသည်။

"ပြီးတာပဲ"

ဖုန်းကိုချပစ်လိုက်တော့လက်ကိုင်ဖုန်းမှာ unknown number နှင့်အဝင်ကောကထမည်သည်။ သူပြုံးလိုက်ကာ လည်ချောင်းရှင်းလိုက်ပြီး...

"ကိုယ့်ကိုအဲ့လောက်လွမ်းနေတာလား..ဘယ်သူ..မဟေသီ"

ခုနကအထိရယ်မြူးရိပ်တို့နှင့်မျက်ဝန်းကချက်ချင်းဆိုသလိုညိုမှောင်ကျဉ်းမြောင်းသွားကာ...

"ခင်ဗျားပေါ်လာရဲသေးတယ်ဟုတ်လား"

".........."

"နားထောင်ပေးမှာမဟုတ်လို့မပြောနဲ့"

".........."

"ဘာပြောလိုက်တာလဲ..သတင်းသမီးဟုတ်လား"

ဟုတ်တယ်။ ရှင်တို့နှစ်ယောက်ရဲ့သမီးဆိုလည်းပိုမှန်မယ်ဆိုလို့ သူ့မျက်ဝန်းတွေကျယ်သွားသည်။ ဖုန်းကိုင်ထားတဲ့ညာဘက်လက်ကို ဘယ်ဘက်ပြောင်းလိုက်ကာ..

"ခင်ဗျားပြောတာတွေအမှန်ဆိုတာဘယ်လိုယုံရမှာလဲ"

".........."

"ကောင်းပြီလေ"

ရှင့်ဘာသာကြိုက်သလိုဆန်းစစ်တဲ့။ မဟေသီပြောသမျှစကားတွေကဆယ်ခွက်တစ်ခွက်တောင်ယုံရတာမှမဟုတ်တာ။ ဒါပေမယ့် သတင်းမှာသူ့သမီးလေးရှိတယ်ဆိုတာကိုကြားလိုက်ရတော့ ‌ရင်ထဲမှာနွေးသိမ့်သောစီးကြောင်းတွေဖြတ်သန်းစီးဆင်းသွားသလိုခံစားလိုက်ရသည်။ သတင်းအရင်းအမြစ်ဘယ်ကပဲလာလာ သူအတည်ပြုကြည့်ရတော့မယ်မဟုတ်လား။

ချစ်လို့ လွမ်းလို့ သူ့အနမ်းတွေနဲ့နေချင်လို့(Completed)Where stories live. Discover now