Part 32:Beginning of our marriage

2.9K 54 0
                                    

[Unicode]

"ချစ်လို့ လွမ်းလို့ သူ့အနမ်းတွေနဲ့နေချင်လို့"
[Episode - 32]

နေရောင်နွေးနွေးလေးကျနေတဲ့ ပြတင်းမှန်တံခါးအရိပ်ကြောင့် မှီတ်နေတဲ့မျက်လုံးနှစ်လုံးကအော်တိုမစ်တစ်ပွင့်လာ၏။ ပြီးတော့ သူမနှုတ်ခမ်းဖျားတို့ပြုံးသွားလေသည်။ မနေ့ညကဦးစူးရှကိုမလှိမ့်တပတ်လုပ်ပြီး ပုံမှန်အတိုင်းကိုယ့်အခန်းထဲမှာပဲအိပ်ဖြစ်ခဲ့သည်။

"ငါကွ"

ကြင်စဦးတွေမှာသူများတွေတော့ဘယ်လိုနေကြမလဲမသိပေမယ့် သတင်းကဒီအတိုင်းလေးနေရတာကိုပိုနှစ်သက်၏။ ဦးစူးရှနဲ့ကချစ်သူတောင်မဖြစ်လိုက်ရပဲ လက်ထပ်လိုက်ရတာဖြစ်သည့်အတွက် ရည်းစားသက်တမ်းကိုနှမြောမိတာလည်းပါသည်။ state ကျောင်းသူဘဝကနေတက္ကသိုလ်ဒုတိယနှစ်အထိ ရည်းစားရယ်လို့မယ်မယ်ရရမရှိခဲ့ဘူးတဲ့သတင်းအတွက်တော့ တစ်ကစချစ်ကြည့်ချင်ပါသေး၏။

*ဒေါက် ဒေါက်*

"သတင်း"

ဦးစူးရှခေါ်သံကြောင့်မထချင်ပဲအိပ်ရာပေါ်မှလူးလဲထလိုက်တာက ဦးစူးရှတို့အိမ်ကိုဒီနေ့သွားလည်ကြဖို့ပြောထား၍ဖြစ်သည်။ အနဲငယ်ပွယောင်းနေသောဆံပင်ရှည်ကြီးကို‌သပ်ရပ်အောင် လက်ချောင်းတို့နှင့်က‌ေသာက‌ေမြာဖီးလိုက်ပြီးတံခါးကိုဆွဲဖွင့်လိုက်၏။

"ခုမှနိုးတာလား"

"ဟုတ်တယ် ဦးစူးရှခေါ်လိုက်မှ"

"ခဏနေဘွားတို့ဆီသွားမှာဆိုတော့ သတင်းပြင်ပြီးထွက်လာလိုက်တော့"

"မစောလွန်းဘူးလား"

"အင်း ဟိုမှာပဲမနက်စာအတူစားကြမလို့"

"ဟုတ် အာ့တာဆိုဆယ့်ငါးမိနစ်စောင့်"

"ရပါတယ် အေးဆေးပြင်လို့ရတယ်"

"အခုတောင်နေမြင့်နေပြီကို သတင်းကလူကြီးတွေကိုမနက်စာစောင့်ခိုင်းလို့ဘယ်ဖြစ်မလဲ"

"ဟုတ်ပြီ"

ကင်းကသတင်းခေါင်းလေးကိုဖွဖွပုတ်ပြီး‌ လက်ထဲကကားသော့ကိုထောင်ပြကာကားထဲစောင့်နေမယ့်အကြောင်း လက်ဟန်နှင့်ပြောပြီးထွက်သွား၏။ ထိုတော့မှသတင်းလည်း ရေချိုးခန်းထဲအပြေးလေးဝင်ကာရေချိုးမျက်နှာသစ်ရတော့သည်။ တကယ့်တကယ်လူကြီးသူမတွေနားသွားမှဝတ်စားဖို့ရန်ကျတော့ သူမမှာရှိတာလေးတွေကကလေးဆန်လွန်းနေပြန်သည်။ ရေချိုးခန်းထဲကမှန်ထဲပြေးကြည့်လိုက် တစ်ထည်လဲလိုက်လုပ်နေတာ ဆယ့်ငါးမိနစ်ကကျော်တော့မည်။ ဦးစူးရှကလောဈေးပို့ပေးတုန်းက ညဝတ်တွေဦးစားပေးဝယ်ခဲ့သည့်သူမပေါ့လျော့မှုပဲဖြစ်လေသည်။ နောက်ဆုံးတော့ သူနှင့်အတူဒီအိမ်လေးကိုပါလာတုန်းကသတင်းဝတ်ခဲ့သည့် ထောပတ်သီးအနှစ်ရောင်ဂါဝန်ကလေးကိုသာရွေးချယ်ရတော့၏။ လည်ပင်းလေးကလေးထောင့်ပုံကိုခပ်ပြဲပြဲလေးဆိုတော့ သတင်းလည်တိုင်ထက်က ဦးစူးရှ‌ေပးထားသည့်ဆွဲကြိုးလေးနှင့်လိုက်ဖက်သွား၏။ တံတောင်ဆစ်နားထိရှည်သောလက်ဖောင်းအပွလေးကိုဖြန့်လိုက်ပြီး မှန်ထဲဟိုဒီလှည့်ကြည့်ကာထွက်လာလိုက်ရတော့သည်။ ကားထဲရောက်တော့...သတင်းကိုသူကစုန်ချည်ဆန်ချည်ငဲ့စောင်းကြည့်ကာ...

ချစ်လို့ လွမ်းလို့ သူ့အနမ်းတွေနဲ့နေချင်လို့(Completed)Where stories live. Discover now