Part 35: He lost me

2.5K 53 3
                                    

[Unicode]

"ချစ်လို့ လွမ်းလို့ သူ့အနမ်းတွေနဲ့နေချင်လို့"
[Episode - 35]

"သတင်းက ဘယ်သူလဲ"

*ခွမ်း*

"ညီမလေး ဖန်ကွဲစတွေရှကုန်တော့မှာပဲ"

သတင်းအနားမမလေပြေကပြာပြာသလဲရောက်ချလာပေမယ့် သတင်းနှင့်သူမကြားဖန်ကွဲစတွေကစည်းခြားနေတော့ရှေ့ဆက်မတိုးသာပဲ ရှင်းလင်းရန်ပစ္စည်းကိုဟိုဒီရှာ၏။ ထိုအခါ မနေနိုင်သည့်ကိုတာယာကထလာကာ...

"ဖယ်ဖယ် သတင်းပဲရှမှာမဟုတ်ဘူး နင်ကဖန်စပြီးနေတဲ့လူစွမ်းကောင်းလား"

ဖိဟောက်ပြီးသူပဲဂေါ်ပြားနဲ့တံမျက်စည်းကိုင်လာကာဇိုးဇိုးဇတ်ဇတ်ရှင်းလင်းပေး၏။ အားလုံးဖယ်ရှားပြီးမှ ကျူးလစ်ဖြူတွေနှင့်အပြိုင်နို့နှစ်ရောင်သန်းနေသည့်လက်ဖုဝါးနုနုလေးက သူ့လက်ကိုပြေးဆွဲကာ အငိုမျက်လုံးနှင့်....

"ဦးရှ သတိရလာပြီလားဟင်"

ကင်းကအလိုမကျသည့်အကြည့်နှင့်သူမလက်ကိုဆတ်ခနဲဖယ်ချပစ်ကာ...

"ဟ မင်းဘယ်လိုမိန်းကလေးလဲ ဖယ်"

သူ့လက်ကိုရုတ်တရက်ဆွဲကိုင်လိုက်တာကိုအလိုမကျနိုင်သည့်ကင်းက သတင်းလက်ကလေးကိုနောက်ပြန်ပုတ်ထုတ်ပစ်လိုက်၏။

"သတင်းကိုစိတ်ဆိုးနေတုန်းလားဟင်"

သူမနှုတ်ခမ်းလေးတွေကွေးညွတ်ကျသွားကာ ငိုမဲ့မဲ့ကလေးမေးပေမယ့်သူ့မှဖြေစရာစကားမရှိ။ ဒီမိန်းကလေးကိုသူတကယ်မသိပါ။

"တာယာ ဘယ်သူလဲ"

တာ့ယာ့ကိုသူမေးဆတ်မေးတော့...

"ကင်းကောင်"

တာယာကအံ့ဩသွားဟန်ပေမယ့် သူ့အမေးကိုမဖြေပဲ သူ့ကိုမေးခွန်းထုတ်သည့်အကြည့်နှင့်ကြည့်နေကာ...

"အာ့တာ သတင်းလေ"

ဟုလေပြေကဝင်ဖြေပေး၏။

"ကျစ် အဲ့ဒိသတင်းကဘယ်သူလဲ"

သူ့အမေးကြောင့်သတင်းမျက်လုံးလေးတွေပြူးကျယ်ဝိုင်းစက်သွားကာ သူ့ကိုအထိတ်တလန့်ကြည့်လိုက်၏။

ချစ်လို့ လွမ်းလို့ သူ့အနမ်းတွေနဲ့နေချင်လို့(Completed)Where stories live. Discover now