Season 2: Part 68

3.6K 132 12
                                    

"ချစ်လို့ လွမ်းလို့ သူ့အနမ်းတွေနဲ့နေချင်လို့"
Season 2, [Episode - 68]

"မာမီ မာမီ!"

‌မိုချီကအိမ်ရှေ့ဆင်ဝင်အောက်ကားထိုးရပ်လိုက်ကတည်းက ကားတံခါးဖွင့်လိုက်တာနှင့်အိမ်ထဲတန်းခနဲပြေးဝင်လာကာ သတင်းကိုခေါ်နေဆဲက...

"ဒီနေ့ Monday နော်"

"ဟုတ်ပါ့ရှင်"

"အာ့ဆို ဒယ်ဒီရော"

မီးဖိုခန်းထဲသမီးအတွက်ကြက်ဥပူတင်းဖုတ်ပေးရန်ပြင်ဆင်နေသောသတင်းဘေးလာရပ်ကာမျှော်လင့်ကြီးသောမျက်ဝန်းတို့နှင့်မော့မော့လေးမေးသည်။

"ရောက်သေးဘူးသမီးရဲ့..နေဦးမာမီဖုန်းဆက်ကြည့်ဦးမယ်"

ကြက်ဥပူတင်းတို့ထည့်ထားသည့် အပူခံ cup လေးအား oven ထဲထည့်ပိတ်လိုက်ကာ စားပွဲပေါ်တင်ထားသည့်ဖုန်းဆီသွားသည်။ သမီးကသတင်းနောက်ပါလာတာကြောင့်...

"ကျောင်းဝတ်စုံအရင်သွားလဲနှင့်နော်"

"မာမီကလည်း"

"‌အိပ်စည်းကမ်းကျောင်းစည်းကမ်းပဲနော်မိုချီ...သူ့နေရာနဲ့သူသင့်တင့်လျောက်ပတ်တဲ့အသုံးအဆောင်ကိုသုံးရစွဲရမယ်လို့ဒယ်ဒီပြောမထားဘူးလား...မာမီသမီးကုတင်ပေါ်မှာပြင်ပေးထားတယ် သွားလဲလိုက်နော်"

"ဟုတ်"

စကားနားထောင်သည့်မိုချီကကျောင်းလွယ်အိတ်ကလေးပိုက်ကာ သူမရှေ့ကထွက်သွားမှ ဦးရှဆီဖုန်းခေါ်ခြင်းအလုပ်ကိုစရသည်။

*တီ တီ တီ*

ဖုန်းကဝင်မသွားပဲ တစ်တီတီပေးသံနှင့်အတူပြန်ကျသွားသည်။ ဖုန်းလိုင်းမကောင်းလို့များလားလို့ကြည့်လိုက်တော့ တကယ်ပင် signal ပျောက်နေ၏။ ဖုန်းကိုလိုင်းရလိုရငြား airplane mode ခေတ္တ on ထားလိုက်ကာ ထမင်းစားပွဲဝိုင်းကခုံမှာပဲဝင်ထိုင်ချလိုက်၏။

"မသတင်း"

"ကိုအေးချမ်း ဘာဖြစ်လို့လဲ"

"လေးလေးကြီး မသတင်းကိုရှာနေတာ"

"ဖေဖေလား...ဘယ်မှာတုန်း"

"ဧည့်ခန်းထဲမှာစောင့်နေတယ်"

ချစ်လို့ လွမ်းလို့ သူ့အနမ်းတွေနဲ့နေချင်လို့(Completed)Where stories live. Discover now