Chapter (88-1) Z+U အချစ်များရေတွက်ခြင်း / အချစ်များရေတွက်ခြင်း

Start from the beginning
                                    

သူ့တွင် ဆွေမျိုးများ မရှိသည့်အတွက် ဈာပနကို ကုမ္ပဏီရှိလူများနှင့် သူငယ်ချင်းများသာ တက်ရောက်ခဲ့ကြ၏။ သူသေဆုံးပြီးနောက် မရေမတွက်နိုင်သော ပရိသတ်များ၏ နှလုံးသားထဲတွင် လရောင်ဖြူလေး ဖြစ်လာသည်။ တစ်ချိန်က သူ့ကို မကြိုက်သည့်သူများကပင် သူ့အကြောင်း အကောင်းပြောလာကြသည်။

လီကျောင်း၏တစ်ဘဝလုံး ရှင်သန်နေထိုင်ခဲ့ပုံများကို သူငယ်ချင်းတစ်ယောက်က လီကျောင်း၏အတ္ထုပ္ပတ္တိအဖြစ် ရေးသားဖော်ပြခဲ့သဖြင့် လူတိုင်း သူ့အကြောင်းကို သိသွားကြသည်။ သူ၏တိုတောင်းသော ဘဝသက်တမ်းတစ်လျှောက် သူရလာသည့်ငွေအများစုကို ပရဟိတလုပ်ငန်းများတွင် လှူဒါန်းခဲ့ဍ္ဎ။ သူချန်ထားခဲ့သည့် အဖိုးအတန်ဆုံးသော အမွေအနှစ်မှာ ပေကျင်းရှိ အိမ်တစ်လုံး ဖြစ်သည်။ ကွယ်လွန်ချိန်အထိ သူ့မိဘအရင်းကို မတွေ့ခဲ့ရပေ။

လီကျောင်းရဲ့ကံကြမ္မာက ဘာလို့ ဒီလောက်ပြောင်းလဲသွားတာလဲ။ ရှုပေရဲ့ ပြန်လည်မွေးဖွားမှုကြောင့် မူလလမ်းကြောင်းပြောင်းသွားခဲ့တာလား။ မဟုတ်ဘူး၊ ဒါက မမှန်ဘူး။ အားလုံးရဲ့အကြောင်းရင်းက လွှမ်းမိုးခြယ်လှယ်နိုင်စွမ်းရှိတဲ့အမျိုးသမီးဥက္ကဋ္ဌ ဇာတ်ကားမှာ စုန့်ယွီနဲ့ လီကျောင်းတို့ ဇာတ်ကောင်ပြောင်းလိုက်လို့ပဲ။ ဒါတွေအကုန်လုံး စုန့်ယွီ အစပျိုးခဲ့တာ။

စုန့်ယွီ…

သူ့လိုပဲ စုန့်ယွီက အနာဂတ်မှာ ဘာဖြစ်မယ်ဆိုတာ သိနေတာလား။ မဟုတ်ဘူး၊ ဒါတွေအားလုံးက အဓိပ္ပာယ်မရှိဘူး။ ဘုရားသခင်က သူ့ကို မျက်နှာသာပေးပြီး အရင်ဘဝရဲ့ ချို့ယွင်းချက်တွေကို ပြင်ဆင်ဖို့ သူ့ကို အသက်ပြန်ရှင်ခွင့်ပေးခဲ့တာ။ လီကျောင်းက ဘာလဲ။ စုန့်ယွီက ဘာလဲ။ မဖြစ်နိုင်ဘူး။

ရှုပေ၏ စိတ်အခြေအနေ ပျက်ယွင်းသွားသည်။ သူ အကုန်လုံးလုပ်ခဲ့ပေမဲ့ ဘာမှပြန်မရခဲ့ဘူး။ ရလဒ်ကတော့ ရန်ထင်းကိုတောင် အပြစ်ပြုမိလိုက်သေးတယ်။ ဘယ်လိုဖြစ်နိုင်မှာလဲ။ ဘယ်လိုဖြစ်နိုင်မှာလဲ။

လီကျောင်းက ရှုပေ၏အမူအရာသည် ပို၍ပို၍ ပျက်ယွင်းလာကာ ကြောက်စရာကောင်းသော အရာတစ်ခုကို မြင်သကဲ့သို့ အလွန်အမင်း ထိတ်လန့်နေကြောင်း တွေ့လိုက်ရ၏။ ဤကြောက်လန့်နေသည့်ပုံစံက သရဲအိမ်ထဲကထက်တောင် ပိုစစ်မှန်နေသေးသည်။

ပျော်ရွှင်မှု/ေပ်ာ္ရႊင္မႈ  [Myanmar translation]Where stories live. Discover now