Chapter (21) မျှော်လင့်မထားသည့်တွေ့ဆုံမှု

4.4K 669 24
                                    

မျှော်လင့်မထားသည့်တွေ့ဆုံမှု

ကံမကောင်းစွာဖြင့် အိမ်တော်ထိန်းသည် သူ၏ဝမ်းသာမှု ၊ ဝမ်းနည်းမှုတို့ကို မြင်သာအောင် မပြသခဲ့ပေ။

လီကျောင်းသည် ရန်ထင်းအား ဆိုဖာပေါ်ဆွဲခေါ်၍ သူ၏ဆေးသေတ္တာတစ်ခုလုံးကို လှန်လှောရှာဖွေကာ သာမိုမီတာကို ရန်ထင်းလက်မောင်းကြားသို့ ထည့်လိုက်သည်။ 

"ဒီမှာ ငြိမ်ငြိမ်လေးထိုင်နေနော်၊ ငါမင်းအတွက် ရေနွေးတစ်ခွက်ယူပေးမယ်။"

ထို့နောက် သူသည် ခရီးဆောင်သေတ္တာထဲမှ ကာတွန်းပုံခွက်ကို ထုတ်ကာ သန့်ရှင်းစွာ ဆေးကြောလိုက်ပြီး အိမ်ကိုတစ်ပတ်ပတ်၍ ရေသန့်စက်ကို ရှာဖွေလိုက်သည်။

"မင်းက ဖျားနေတာမို့လို့ ရေနွေးပိုသောက်ဖို့လိုတယ်။"  လီကျောင်းက ရေအပူချိန်ကို လက်ဖြင့် စမ်းသပ်လိုက်၏။ ထို့နောက် ခွက်ကို ကမ်းပေးလိုက်ပြီး သာမိုမီတာကို ယူလိုက်သည်။ "၃၇.၉ ဒီဂရီ ။ ဒါက အဖျားနည်းနည်းဝင်ရုံပဲဆိုတော့ အခုလောလောဆယ် ဆေးသောက်ဖို့ မလိုသေးဘူး။"

“မနေ့ညက မင်းကုမ္ပဏီကနေ ကုတ်အင်္ကျ ီမပါဘဲဆင်းလာလို့ အအေးမိတာလား။”  လီကျောင်းကမျက်မှောင်ကြုတ်လိုက်ပြီး "ငါအပေါ်ထပ်ကိုတက်လိုက်သင့်တာ ဒါမှမဟုတ် အနည်းဆုံးတော့ ကုတ်အကျီဝတ်ဖို့ မင်းကိုသတိပေးခဲ့သင့်တာ။" ဟူ၍ မချိတင်ကဲဖြစ်စွာ ပြောလိုက်သည်။

"ငါ့ခန္ဓာကိုယ်ကသိပ်မကျန်းမာဘူး။" ရန်ထင်းက နှစ်ကြိမ်ချောင်းဆိုးလိုက်သည်။ “မနေ့ညက ပြတင်းပေါက်ပိတ်ဖို့ မေ့သွားလို့ပါ ။ ဒါကမင်းနဲ့ဘာမှမဆိုင်ပါဘူး။ "

အိမ်တော်ထိန်းသည် အရုပ်ပုံအကြီးကြီးနှင့် "Tomorrow will be better" ဟူသောစာသားပါသည့် ကာတွန်းပုံခွက်ကို ကြည့်လိုက်သည်။ သူက ရယ်စရာကောင်းသည့်ခွက်ကိုကြည့်ကာ ပြုံးလိုက်ပြီး ချက်ချင်း အကြည့်လွှဲလိုက်၏။

အရည်အချင်းပြည့်မီသော အိမ်တော်ထိန်းတစ်ဦးအတွက် အခြေခံစံနှုန်းများ  :  အလုပ်ရှင်၏မိသားစုနှင့်ဆိုင်သောကိစ္စများတွင် မည်မျှပင် အံ့သြသွားစေကာမူ ကြော့ရှင်းစွာ ပြုံးနေရမည်။

ပျော်ရွှင်မှု/ေပ်ာ္ရႊင္မႈ  [Myanmar translation]Where stories live. Discover now