Chapter (86) Z+U ယှဉ်ပြိုင်ခြင်း/ ယှဉ်ပြိုင်ခြင်း

3K 544 25
                                    

(အဆက်ကို အောက်မှာဖတ်ပါ။)

Zawgyi

ယှဉ်ပြိုင်ခြင်း

ပရိုဂရမ်အဖွဲ့က ရှုပေကို အသုံးချကာ rating သတ်မှတ်ချက် တိုးမြှင့်အောင်လုပ်ရန် အစီအစဉ် ရှိပေသည်။

တရားဝင် Weibo ၏မှတ်ချက်ဧရိယာတွင် ရှိုးပရိသတ်အားလုံးက ရှုပေအား ဆဲဆိုကြိမ်းမောင်းကြသည်။ တစ်ချိန်တည်းမှာပင် လီပရိတ်သတ်များကလည်း အလွန်ချုပ်တည်းထားပုံရပြီး တရားဝင် Weibo မှ အမှန်ကို အမှန်အတိုင်း ပြောသင့်ကြောင်း ရေးသားခဲ့ကြသည်။

ဂဏာမငြိမ်အဖြစ်ဆုံးသူများမှာ ရှုပေ၏ပရိသတ်များပင်။ သူတို့သည် မှတ်ချက်များကို ထိန်းချုပ်ရန် ဖုန်းမျက်နှာပြင်ကို စိုးရိမ်တကြီး ပွတ်ဆွဲရင်း ပရိုဂရမ်အဖွဲ့အား ရှုပေ မျှမျှတတဆက်ဆံရန် တောင်းဆိုကြ၏။ သို့သော် တရားဝင် Weibo မှ ပရိုမိုးရှင်းဗီဒီယိုကို ပေးပို့ပြီးနောက် ၎င်းက မည်သည့်မေးခွန်းများကိုမျှ ပြန်လည်ဖြေကြားခြင်းမရှိဘဲ ပရိသတ်များကို အတွေးပွားစေရန် ချန်လှပ်ထားခဲ့သည်။

ယခင်က ရှုပေသည် နာမည်ကျော် အနုပညာရှင်များစွာ၏ အရင်းအမြစ်များကို လုယက်ရန်အတွက် ဇီကျားအင်တာတိန်းမန့်၏အကာအကွယ်ကို အသုံးပြုခဲ့သည်။ ယခုအခါ သူ၏ကံကောင်းမှုများ ကုန်ဆုံးသွားပြီး ဇီကျားအင်တာတိန်းမန့်ဘက်မှ သူ့ကို ကာကွယ်ရန် ထွက်မလာခဲ့ချေ။ စိတ်ဆိုးဒေါသထွက်နေသော အနုပညာရှင်များစွာက သူ့ကို အကျနာအောင်လုပ်ရန် စိတ်အားထက်သန်နေကြသည်။

ရှုပေသည် လူမမြင်ကွယ်ရာတွင် လူသစ်လေးများကို အနိုင်ကျင့်ရန်ကြောင်း၊ သူ့ကိုယ်သူ နာမည်ကြီးတစ်ယောက်ကဲ့သို့ ပြုမူကြောင်း၊ အရင်းအမြစ်များကို လုယူပြီး စီနီယာများအပေါ် မထီမဲ့မြင်ပြုကြောင်း စသဖြင့် သတင်းပေါင်းစုံ ထွက်ပေါ်လာခဲ့သည်။ သူသည် အလိမ်အညာများဖြင့် ပြည့်နှက်နေပြီး အခြားအနုပညာရှင်များကို ဂုတ်သွေးစုပ် အမြတ်ထုတ်ရန် ဆောင်းပါးများဝယ်ရသည်ကို နှစ်သက်ကြောင်းတို့ ဖြစ်ပေသည်။

ရှုပေ၏ထောက်ခံချက် ခိုးယူခြင်းကို ခံခဲ့ရသော အနုပညာရှင်တစ်ဦး၏ ပရိသတ်များက ရှုပေပြုလုပ်ခဲ့သော မကောင်းမှုစာရင်းကို ရှည်လျားစွာ ဖော်ပြခဲ့ကြသည်။ ဖရဲသီးစားသူများက ၎င်းကို ကြည့်ရှုခဲ့ကြပြီး ထိုစာ၏အကြောင်းအရာ သုံးပုံတစ်ပုံခန့်မှာ လီကျောင်းကို မည်သို့မည်ပုံ ချနင်းခဲ့သည်ဟူသော ကိစ္စများဖြစ်ကြောင်း  သိလိုက်ရသည်။

ပျော်ရွှင်မှု/ေပ်ာ္ရႊင္မႈ  [Myanmar translation]Where stories live. Discover now