Zawgyi
စာအိတ်နီ
ဟော့ပေါ့ကုန်လုဆဲဆဲအချိန်တွင် ပတ်ဝန်းကျင်တစ်ခုလုံး ရွှင်လန်းတက်ကြွနေကြသည်။ ကျူးရှက ရန်ထင်းနှင့် စကားစမြည်ပြောရန် အစပျိုးလိုက်၏။ "ကျောင်းကျောင်းက ငါတို့ကို မင်းအကြောင်း တဖွဖွပြောနေတာ။ မင်းအကြောင်း ပြောသမျှက မြှောက်ပင့်ချီးမွမ်းနေတာချည်းပဲ။"
"ကျောင်းကျောင်းက ကျွန်တော့်ထက်သာပါတယ်။" ရန်ထင်းက လီကျောင်းကို လှည့်ကြည့်လိုက်ပြီး သူ့စိတ်အခြေအနေမှာ မထင်မှတ်ထားလောက်အောင် ကောင်းမွန်လာခဲ့သည်။ ကျောင်းကျောင်းသူငယ်ချင်းတွေက သူ့ဖြစ်တည်မှုအကြောင်းကို ဟိုးအရင်ကတည်းက သိနေကြတယ်လို့ ဆိုလိုတာပဲ။ သူတို့နဲ့ရှိနေတာတောင်မှ ကျောင်းကျောင်းက သူ့ကို မမေ့ဘူး။
"စကားမစပ် မင်းနဲ့ငါက ကုမ္ပဏီတူတယ်လို့ ကျောင်းကျောင်းပြောတာ ကြားခဲ့ရတယ်။" ကျူးရှက ကြင်နာစွာ ပြုံးလိုက်သည်။ “ငါက ရုံးချုပ်မှာ အလုပ်လုပ်တာ ရက်ပိုင်းပဲရှိသေးတော့ ရုံးချုပ်အကြောင်း သိပ်မသိသေးဘူး။ မင်းရဲ့ WeChat ကို ငါအပ်လို့ရမလား။"
“ကောင်းပါပြီ။” ရန်ထင်းက သူ့ဖုန်းကို ထုတ်ကာ ကျူးရှ၏ WeChat ကို လက်ခံလိုက်၏။
ကျူးရှသည် 'တစ်ယောက်ကိုတစ်ယောက် ချစ်ကြတဲ့ သူငယ်ချင်းများနဲ့မိသားစုဝင်များ' အမည်ရသော အဖွဲ့ကို ဖွဲ့ပြီး လူတိုင်းကို ဆွဲထည့်လိုက်သည်။
"ငါတို့မိသားစုလေးကနေ ကြိုဆိုပါတယ်။" ကျူးရှက အဖွဲ့ထဲသို့ စာအိတ်နီတစ်အိတ် ပို့လိုက်သည်။
“ကြိုဆိုပါတယ်။” ချန်းရှောင်ကျွမ်းနှင့် ကျိုးမင်တို့ကလည်း စာအိတ်နီများ ပို့လိုက်ကြ၏။
လီကျောင်းက ရန်ထင်းကို သတိပေးသည်။ "ထင်းထင်း၊ စာအိတ်နီတွေကို မြန်မြန်ထိပြီး လုလိုက်။"
ရန်ထင်းက စောင့်ကြည့်နေပြီး လူငါးဦးသာရှိသော်လည်း လှုပ်ရှားမှုပမာဏမှာ လူအယောက်ငါးဆယ်နှင့် ညီမျှကြောင်း သိလိုက်ရသည်။
"ဟုတ်သားပဲ။ မစ္စတာရန်က ဘယ်ဌာနမှာ အလုပ်လုပ်တာလဲ။" ကျူးရှက ပေါ့ပေါ့ပါးပါး မေးလိုက်သည်။
YOU ARE READING
ပျော်ရွှင်မှု/ေပ်ာ္ရႊင္မႈ [Myanmar translation]
RomanceZawgyi လီကျောင်းသည် ဆင်းရဲနွမ်းပါးသော အသက်၂၀အရွယ် သရုပ်ဆောင်တစ်ဦးဖြစ်ပြီး နောက်ထပ်တစ်နပ်စာ မည်သည့်နေရာမှရမလဲ ဟု တွေးတောနေရသူဖြစ်သည်။ တစ်ယောက်တည်း မွေးဖွားကြီးပြင်းလာပြီးနောက် လီကျောင်းသည် မိသားစုအဖြစ်မှတ်ယူထားသည့်သူများအတွက် ပိုက်ဆံရှာဖွေနေရစဉ်တွင်...