Chapter (18) Z+U မင်းကိုအလုပ်ကနေလာကြိုမယ်/မင်းကိုအလုပ်ကနေလာကြိုမယ်

4.8K 857 5
                                    

Zawgyi


လီကျောင်း ရိုက်ကူးရေးအဖွဲ့သို့ ရောက်လာသည်မှာ ရက်အနည်းငယ်ရှိပြီဖြစ်ပြီး ရိုက်ကူးရေးမှာ အဆင်ပြေချောမွေ့နေခဲ့သည်။ ထုတ်လုပ်ရေးအဖွဲ့သည် ဖော်ရွေပြီး စိတ်အားထက်သန်နေချိန်တွင် သူ၏လက်ထောက်သည် အစားအသောက်နှင့် နေရာထိုင်ခင်းအတွက် ပူပန်နေခဲ့သည်။ Golden Flower Award ရရှိထားပြီး အမျိုးသားဇာတ်ဆောင်အဖြစ် သရုပ်ဆောင်သည့် ကျောင်းရင်းနန်သည် လီကျောင်းထံသို့ လက်ထောက်တစ်ယောက် စေလွှတ်ကာ လီကျောင်းနားမလည်တာ တစ်ခုခုရှိပါက သူနှင့်ဆွေးနွေးနိုင်ကြောင်း သတင်းစကားပါးလိုက်သည်။

Flying Crane Award ဆု ရရှိထားသည့်မင်းသမီး လျို့ဖိန်သည်လည်း လီကျောင်းထံသို့ ကိုယ်တိုင်လာရောက်ပြီး ချီးမွမ်းစကားဆိုခဲ့သည်။

"ဆရာလီ ၊ မင်းကဒီဇာတ်ကွက်မှာ အခရာပဲ။မင်းက ဒီဇာတ်ကောင်ရဲ့သဘာဝကျကျ ကြော့ရှင်းမှုနဲ့ အလှတရားကိုပြသရမယ်။ ကင်မရာကို ဒီဘက်ရွှေ့ပြီး မင်းမျက်လုံးတွေကို အနီးကပ်ရိုက်မယ်။ ငါတို့အဆုံးထိ အကောင်းဆုံး ရိုက်နိုင်မလား ကြည့်ရအောင်။ ဟုတ်တာပေါ့ ၊ မင်းမလုပ်နိုင်ရင်လည်း ကိစ္စမရှိပါဘူး။ ဒီဇာတ်ကွက်က အရမ်းခက်တယ်။ အနုပညာအလုပ်ကို နှစ်ပေါင်းများစွာ လုပ်ခဲ့တဲ့လူတွေတောင် အဲ့ဒါကို မလုပ်နိုင်ကြဘူး။" ဒါရိုက်တာက ထိုဇာတ်ကွက်အကြောင်း လီကျောင်းအားရှင်းပြလိုက်၏။ "အရင်ဦးဆုံး အဲဒါကို နှစ်ခါ စမ်းကြည့်ရအောင်။ မအောင်မြင်ရင် ငါတို့ရိုက်ကူးရေးအစီအစဉ် ပြောင်းကြတာပေါ့။ "

"ကောင်းပါပြီ။" လီကျောင်းသည် ချည်ပန်းထိုးအဝတ် ၊ ကျောက်စိမ်းသရဖူနှင့် လက်လုပ်ပန်းထိုးဖိနပ်တို့ကို ဝတ်ဆင်ထားသည်။ လေအေးတစ်ချက် တိုက်ခတ်သွားသဖြင့် သူ ခိုက်ခိုက်တုန်သွား၏။ ၎င်းကို အနီးအနားမှဝန်ထမ်းတစ်ဦးကမြင်သွားပြီး လီကျောင်းလက်ထဲသို့ အနွေးအိတ် ထည့်ပေးလိုက်သည်။

ရိုက်ကူးရေးမစတင်မီ လီကျောင်းသည် ဝါယာကြိုးပေါ်တွင် တွဲလောင်းချိတ်ဆွဲခံထားရသည်။ ဒါရိုက်တာသည် လော်စပီကာကို ကိုင်ကာ အော်ပြောလိုက်၏။ " ဆရာလီ ၊ အခု ဖန်သားပြင်ကို လျှံထွက်နိုင်လောက်တဲ့ မင်းရဲ့ ကြော့ရှင်းလှပတဲ့ပုံသဏ္ဌာန်ကို ပြသဖို့ အချိန်တန်ပြီ။ အမျိုးသမီးပရိသတ်က မင်းကိုမြင်တဲ့အခါ သူတို့ရဲ့နှလုံးခုန်နှုန်းကို မတားဆီးနိုင်လောက်အောင် မင်းရဲ့ကိုယ်ဟန်အနေအထားက လှပရမယ်။ ငါတို့က ဒီလိုခံစားချက်မျိုးလိုချင်တာ ၊ မင်းနားလည်ရဲ့လား။ "

ပျော်ရွှင်မှု/ေပ်ာ္ရႊင္မႈ  [Myanmar translation]Where stories live. Discover now