Chapter (56-3) အစီအစဉ်ရိုက်ကူးခြင်း (2) / အစီအစဉ်ရိုက်ကူးခြင်း (2)

3.7K 719 19
                                    

Zawgyi


လီကျောင်းကိုယ်တိုင်လည်း အဒေါ်နှစ်ယောက် အချင်းများကြလိမ့်မည်ဟု မမျှော်လင့်ထားချေ။ သူက သူတို့အား ဖျောင်းဖျချင်သော်လည်း အဒေါ်နှစ်ယောက်က ပြိုင်တူဟိန်းဟောက်လိုက်ကြသည်။ "လူကြီးတွေ ဆွေးနွေးနေချိန်မှာ လူငယ်တွေ ဘေးကပ်နေသင့်တယ်။"

ူသူသည် အဒေါ်နှစ်ယောက် စကားများ ရန်ဖြစ်သံကို နားထောင်ရင်း နေရာတွင် ပြန်ထိုင်ကာ မေးထောက်ထားသည်။

"ငါအရင်မြင်တာ။" 

"ငါ ဒါတွေကို အရင်ဆွဲယူလိုက်တာ။ တကယ်လို့တစ်ခုခုကို နင်အရင်မြင်တာနဲ့ နင့်ပစ္စည်းဖြစ်မယ်ဆိုရင် ငါလည်း ဒီလူချောလေးကို မြင်တာပဲလေ။ သူက ငါ့မြေးဖြစ်နိုင်လို့လား။"

လီကျောင်းက မေးထောက်ထားသည့်လက်ကို ရွှေ့ကာ သူ့မျက်နှာကို အုပ်လိုက်မိ၏။

အဒေါ်နှစ်ယောက် အသံပိုကျယ်လာသည်ကို မြင်ရသောအခါ လီကျောင်းသည် ရိုက်ပွဲများ ဖြစ်သွားမည်ကို စိုးရိမ်မိသည်။ သူက ပလတ်စတစ်ထိုင်ခုံနှစ်လုံးငှားရန် ဘေးဆိုင်သို့သွားပြီးနောက် သူတို့အတွက် ရေဘူးကမ်းပေးရင်း အေးအေးဆေးဆေးပြောကြရန် နားချလိုက်၏။

“အဒေါ်တို့၊ ဖြည်းဖြည်းချင်း ဆွေးနွေးကြပါ။ အဒေါ်တို့က အရမ်းလှတာကို။ ဒေါသစိတ်ကြောင့် အဒေါ်တို့ရဲ့ရုပ်ရည်သွင်ပြင်ကို အထိခိုက်မခံပါနဲ့။" အဒေါ်နှစ်ယောက် ရေအနည်းငယ်သောက်ပြီး ဒေါသသိပ်မပြင်းတော့သည့်အချိန်တွင် လီကျောင်းက သူတို့ဆီ လှမ်းလာပြီး ပြုံးပြလိုက်သည်။ “ကန်စွန်းဥရောင်းတဲ့ ဈေးဆိုင်တွေ အများကြီးရှိပေမဲ့ အဒေါ်တို့က ကျွန်တော့်ဆီက ဝယ်ဖို့ ဆန္ဒရှိလို့ ဒီကိုလာခဲ့ကြတယ်။ အဲ့ဒါကအဒေါ်တို့ ကျွန်တော့်ဇာတ်ကြောင်းကို သနားသွားလို့ ဖြစ်ရမယ်။ ဟုတ်တယ်မလား။"

အဒေါ်နှစ်ယောက်က ပြန်မဖြေကြပေ။ ထိုကဲ့သို့ ရုပ်ရည်ချောမောသည့်လူငယ်လေးတစ်ယောက်က သူတို့အား ပြုံးပြုံးရွှင်ရွှင် စကားပြောလာသည်ကို မြင်ရသောအခါ စိတ်ချမ်းသာမိသည်။ သူတို့သည် ကြင်နာ၍လာဝယ်ခြင်းမျိုး မဟုတ်ပါ။ အခြားသူများ ဝယ်နေသည်ကိုတွေ့သဖြင့် အပျော်သဘောကြည့်ရန် လာကြခြင်းဖြစ်၏။ 

ပျော်ရွှင်မှု/ေပ်ာ္ရႊင္မႈ  [Myanmar translation]Where stories live. Discover now