Chapter (16) Z+U Fuwa

4.9K 816 7
                                    

Zawgyi

Fuwa

သူတို့နှစ်ဦးသည် အမှောင်ထဲတွင် တစ်ယောက်ကိုတစ်ယောက် တိတ်တဆိတ် ကြည့်နေကြသည်။ ချောင်ကျားသည် ဖုန်း၏မှိန်ဖျော့ဖျော့အလင်းရောင်ကိုသုံးကာ business card တစ်ခုအား ကမ်းပေးလိုက်၏ ။

လီကျောင်းသည် business card ကို ယူ၍ ကြည့်လိုက်သည်။ ယနေ့ခေတ်တွင် လူလိမ်များသည် အလွန်ကျွမ်းကျင်ပြီး အစစ်နှင့်တူအောင် ပြုလုပ်နိုင်ပေသည်။ လီကျောင်းသည် ငယ်ရွယ်စဉ်ကတည်းက အမှန်တရားတစ်ခုကို နားလည်ခဲ့၏ ။ ပိုင်မုန့်တစ်ခုသည် ဘယ်တော့မှ ကောင်းကင်ပေါ်က ကျမလာနိုင်ချေ။

ကတ်ပြားကိုယူပြီးနောက် လီကျောင်းက ဘာစကားမှမပြောသည်ကို မြင်သောအခါ ချောင်းကျားသည် မျက်မှန်ကို နှာခေါင်းပေါ်တွန်းတင်လိုက်ပြီး " ဆရာလီ ၊ ကျွန်တော်တို့ရဲ့စတော်ဘယ်ရီအင်တာတိန်းမန့် က TV ဒရမ်မာတွေ ၊ရုပ်ရှင်တွေနဲ့ အနုပညာရှင်စီမံခန့်ခွဲမှုတွေမှာ ပါဝင်လေ့ရှိပါတယ်။ ကျွန်တော်တို့ဆီမှာ နာမည်ကြီးအနုပညာရှင်တွေ အများကြီးရှိပြီး အဲ့ဒီအနုပညာရှင်တွေမှာ အကောင်းဆုံးအဖွဲ့တွေ ရှိတယ်။ မင်းက ငါတို့ကုမ္ပဏီနဲ့ ပူးပေါင်းဖို့ဆန္ဒရှိနေသရွေ့ မင်း အနာဂတ်အတွက် အံဝင်ခွင်ကျဖြစ်မဲ့ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်တစ်ခုရေးဆွဲပြီး ငါတို့ဘက်ကနေ မင်းကို ပံ့ပိုးပေးမှာပါ။ မင်းက အရည်အသွေးမြင့်တဲ့ အရင်းအမြစ်တွေကိုလည်း ရရှိမှာပါ။ ကျေးဇူးပြုပြီး ဒီကိစ္စကို သေချာစဉ်းစားကြည့်ပေးပါ။ " သူသည်အငှားအိမ်ဟောင်းကို တစ်ချက်ကြည့်လိုက်ပြီး "အမှန်တော့ ငါတို့ကအိမ်ရာတွေလည်း စီစဉ်ပေးဦးမှာပါ။ " ဟူ၍ ရှင်းပြလိုက်၏။

"ကျွန်တော်တောင်းပန်ပါတယ်၊ ခင်ဗျားကို ရာဇဝတ်သားတစ်ယောက်လို့ ထင်တာနဲ့ မတော်တဆ ကန်လိုက်မိတာ။ ခင်ဗျား မနာသွားဖို့ မျှော်လင့်ပါတယ်။" သူသည် ခြေလှမ်းနှစ်လှမ်းခန့်မလှမ်းမီ ချောင်ကျား၏အချက်အလက်များကို အင်တာနက်ပေါ်တွင် တိတ်တဆိတ် စစ်ဆေးလိုက်ပြီး သူ၏အပြုံးသည် ထက်သန်လာခဲ့သည်။ "ကျွန်တော် ခင်ဗျားအတွက် ဆရာဝန်ခေါ်ပေးရမလား။"

ပျော်ရွှင်မှု/ေပ်ာ္ရႊင္မႈ  [Myanmar translation]Where stories live. Discover now