Chapter (49) ဘဝတစ်သက်စာ

3.8K 622 11
                                    

ဘဝတစ်သက်စာ

မိန်းကလေးသည် ထိုလူ အဘယ်ကြောင့် ရုတ်တရက် ပေါ်လာမှန်း မသိပေ။ 'စောစောစီးစီးအချစ်' ဟူသော စကားလုံးကို သူမ ကြားလိုက်ရသည်နှင့် ချက်ချင်းပင် မျက်နှာနီမြန်းသွားခဲ့သည်။ "တောင်းပန်ပါတယ်။ ကျွန်မ…ကျွန်မက အစ်ကိုလီနဲ့ သူငယ်ချင်းဖြစ်ချင်ရုံပါ။"   

လက်ကိုင်ဖုန်းကို ကိုင်ထားရင်း သူမ၏အမူအရာမှာ အလွန်ရှက်ကိုးရှက်ကန်း ဖြစ်နေသည်။ ရုတ်တရက်ပေါ်လာသောထိုလူက သူမအား သုန်မှုန်စွာ စိုက်ကြည့်နေခဲ့၏။ သူမအား နတ်ဆိုးတစ်ကောင်က စိုက်ကြည့်နေပြီး အချိန်မရွေး အသက်ဆုံးရှုံးသွားနိုင်သကဲ့သို့ ခံစားနေရသည်။ ထိုကြောက်ရွံ့မှုက သူမကို မသိလိုက်မသိဘာသာ နောက်ပြန်ဆုတ်သွားစေသည်။

"ထင်းထင်း…" လီကျောင်းသည် ရန်ထင်း၏ ရုတ်တရက် ထွက်ပေါ်လာမှုကြောင့် အံ့အားသင့်သွား၏။ "မင်း ဘယ်လိုလုပ် ဒီကိုရောက်နေတာလဲ။"

ဤနေရာသည် ရိုက်ကူးရေးနေရာဖြစ်ပြီး မသက်ဆိုင်သည့် ဝန်ထမ်းများ ဝင်ရောက်၍မရပေ။

"မစ္စတာလီ၊ မင်္ဂလာပါ။" ချင်ရှောင်းသည် ရန်ထင်း နောက်မှ ထွက်လာခဲ့သည်။ "ငါ ဒီနေရာကို တစ်ခုခု လုပ်စရာရှိလို့ လိုက်လာခဲ့တာ… မင်း မစ္စတာထင်းနဲ့တွေ့ဖို့ လာခဲ့လေ။"

ထိုသို့ပြောပြီးသည်နှင့် သူက ရိုက်ကူးရေးဝန်ထမ်းများကို နှုတ်ဆက်လိုက်၏။

"ရိုက်ကူးရေးပြီးပြီလား။" ရန်ထင်း၏ အသံမှာ အနည်းငယ် အက်ကွဲနေပြီး တစ်မျိုးတစ်ဖုံ ထူးဆန်းနေခဲ့သည်။ လီကျောင်းက သူ့ကို မော့ကြည့်လိုက်သော်လည်း မှားယွင်းမှုတစ်စုံတစ်ရာကိုမှ ရှာမတွေ့ခဲ့ချေ။

"ထိုင်ပြီး ရေနည်းနည်းလောက် အရင်သောက်လိုက်ဦး။" လီကျောင်းက ရန်ထင်းကို ရေတစ်ခွက် ကမ်းပေးလိုက်၏။ “ငါတော့ ဒီခွက်ကို သုံးပြီးသွားပြီ။ မင်း စိတ်မရှိဘူးမလား။"

ညီအကိုများ ခွက်အတူတူသုံးခြင်းက အဆင်ပြေပုံရပေသည်။ ရန်ထင်းက ခွက်ကိုယူ၍ နှုတ်ခမ်းအဖျားပေါ် တင်လိုက်ပြီး သူသည် လီကျောင်းရှေ့တွင် ရပ်နေသည့် မိန်းကလေးကို ယောက္ခမဆိုးတစ်ယောက်ကဲ့သို့ လှမ်းကြည့်လိုက်၏။ 

ပျော်ရွှင်မှု/ေပ်ာ္ရႊင္မႈ  [Myanmar translation]Where stories live. Discover now