Chapter (2) Unicode မွေးနေ့ဆုတောင်း

6.5K 911 44
                                    

မွေးနေ့ဆုတောင်း

နောက်တစ်နေ့မနက်တွင် ရိုက်ကူးရေးအဖွဲ့သားများ အလုပ်စလုပ်ကြပြီး စုန့်ယွီသည် ပုံမှန်အတိုင်း နောက်ကျမြဲဖြစ်သည်။ သူကြည့်လိုက်သောအခါ လီကျောင်းက တောက်ပစွာပြုံးနေသည်ကို တွေ့လိုက်ရပြီး သူ့စိတ်အခြေအနေ ဆိုးရွားလာခဲ့၏။ ဘာပျော်စရာရှိလို့ ပြုံးနေရတာလဲ။

သူ့နောက်တွင် ရပ်နေသောလက်ထောက်သည် ဤတောက်ပသောအပြုံးကြောင့် လန့်သွားပြီး စုန့်ယွီအားတီးတိုးပြော၏။
" အစ်ကိုစုန့် ၊ သူက ငါတို့ဆီက ငွေချေးချင်နေတာများလား။ "

ဒါမှမဟုတ် အစ်ကိုစုန့်က သူ့ကို ညတိုင်း အစားအသောက် ကျွေးခဲ့လို့များ သူ့ကိုရူးကြောင်ကြောင်ဖြစ်သွားစေတာလား။

"အစ်ကိုစုန့်၊ မင်္ဂလာနံနက်ခင်းပါ"
လီကျောင်းသည် စုန့်ယွီအား နွေးထွေးစွာ နှုတ်ဆက်လိုက်ပြီး အဖွဲ့သားများပေးသော တွင်းထွက်ရေပုလင်းကို ယဉ်ကျေးစွာ ကမ်းပေးလိုက်သည်။ စုန့်ယွီအတွက် ဘူးအဖုံးကိုဖွင့်ပေးရန်လည်း သူမမေ့ပေ။

စုန့်ယွီက တွင်းထွက်ရေ*ကို သူ့လက်ထဲပြန်ထည့်ပေးပြီး မေးစေ့ကို မော့ကာ အေးစက်စက်လေသံဖြင့် ပြောလိုက်သည်။
"မဟုတ်ဘူး၊ ငါက နိုင်ငံခြားက တင်သွင်းလာတဲ့ရေ*ကိုပဲသောက်တယ်။ "

(တွင်းထွက်ရေ =mineral water
နိုင်ငံခြားမှတင်သွင်းတဲ့ရေ = imported water)

လီကျောင်းသည် နှစ်ယွမ်လောက်သာ ပေးရသည့် ရေပုလင်းကို အလျင်အမြန် စွန့်ပစ်လိုက်သည်။
"အစ်ကိုစုန့်က ပစ္စည်းကောင်းကို သိတာပဲ"

အရမ်းချမ်းသာတာပဲ ။

စုန့်ယွီသည် အခြားသူအား ဆင်းရဲသောကြောင့် တမင်အရှက်ခွဲလိုသည်မှာ ထင်ရှားသည်။ ရလဒ်အနေနှင့် ထိုသူသည် အရှက်ခွဲခံရသည်ဟု မခံစားခဲ့ရဘဲ သူ့ကိုပင်ပြန်၍ ချီးမွမ်းလိုက်သေးသည်။ စုန့်ယွီသည် ဝါဂွမ်းကိုထိုးမိသကဲ့သို့ဖြစ်သွားသောကြောင့် စိတ်ပျက်သွားပြီး သူ့မျက်လုံးများကို လှိမ့်လိုက်မိသည်။

"Hehe "

"စိတ်လျော့ထား စုန့်ယွီ ၊ မင်းစိတ်အေးအေးထားရမယ်။ မကြာခင် မင်းကနာမည်ကျော် အနုပညာရှင်တစ်ယောက်ဖြစ်လာတော့မှာ ၊ ဒီလောက် ဆင်းရဲတဲ့လူကို အလေးထားစရာမလိုပါဘူး။"

ပျော်ရွှင်မှု/ေပ်ာ္ရႊင္မႈ  [Myanmar translation]Where stories live. Discover now