Chapter (6) Z+U hot topic

5.9K 1K 37
                                    

Zawgyi

                    Hot topic

လူသစ်တစ်ဦး စတင်ကျော်ကြားလာသည်နှင့်တစ်ပြိုင်နက် သူတို့ကို ထောက်ခံအားပေးသူများပေါ်လာသကဲ့သို့ မုန်းသူများလည်း ပေါ်လာတတ်သည်။ အထူးသဖြင့် တူညီသည့်အနုပညာရှင်၏ ပရိသတ်များသည် သူတို့အိုင်ဒေါ၏အရင်းအမြစ်များကို ထိုအနုပညာရှင်အသစ်လေးက ယူသွားလိမ့်မည်ဟု မသိစိတ်ကခံစားမိလိမ့်မည်။

ထို့ကြောင့် တိုက်ရိုက်ထုတ်လွှင့်မှုမစသေးသော်လည်း လီကျောင်း၏အသွင်အပြင်နှင့် ပတ်သက်၍ အင်တာနက်ပေါ်တွင် ဝေဖန်မှုများရှိနေပြီဖြစ်သည်။ 'တီဗီဒရမ်မာ၏ အထူးပြုလုပ်ချက်များမပါဘဲ သူ ပေါ်မလာရဲပါ။ သူ၏ဆွဲဆောင်မှုတန်ဖိုးသည် မြင့်မားခြင်းမရှိသည့်အတွက် သူ့ကို စက်ရုံအလုပ်သမား သို့မဟုတ် အန်တီများကဲ့သို့ ရိုးစင်းသောကျေးလက်သူများကသာ ကြိုက်လိမ့်မည်ဖြစ်သည်' ဟု ဝေဖန်ခဲ့ကြသည်။

Green Pepper Video ၏တိုက်ရိုက်ထုတ်လွှင့်မှုသည် Weibo တွင် ဆူညံနေသော်လည်း ၎င်းကို အဓိကစိုးမိုးထားသည့်အင်အားမှာ ဖုန်းမျက်နှာပြင်ကိုလျက်ချင်ကြသူများဖြစ်၏။ ဝေဖန်သူများ၏ပြောစကားသည် လုံးဝအသုံးမဝင်ဖြစ်ခဲ့သည်။ လီကျောင်းက ချောမောသည့်မျက်နှာကို ဖုန်းမျက်နှာပြင်မှတစ်ဆင့် လျက်နိုင်လိမ့်မည်ဟု သူတို့က တွေးထင်ရုံသာဖြစ်သည်။

တိုက်ရိုက်ထုတ်လွှင့်မှုစတင်သည်နှင့် အင်တာနက်အသုံးပြုသူများသည် အမျိုးသမီးကြယ်ပွင့်က အမျိုးသားဇာတ်လိုက်နှင့် ဒုတိယအမျိုးသားဇာတ်လိုက်အလယ်၌ ထိုင်နေသည်ကို တွေ့ခဲ့သည်။ စတိုင်ကျခေတ်မီသော စုန့်ယွီနှင့် ယှဉ်လျှင် လီကျောင်းသည် အဖြူရောင်ရှပ်အင်္ကျီကို ဝတ်ထားသဖြင့် ရွှေခေတ်၏အလှလေးဟု ခေါ်ဆိုခြင်းခံရသည်။

ပန်းသီးပိုင်မုန့် : အမေရေ၊ သမီးသေတော့မယ်။ ငါ့နှလုံးသားကိုခိုးသွားတဲ့ယောက်ျားတစ်ယောက် ဒီမှာရှိနေပြီး ငါသူ့ကိုလက်ထပ်ချင်တယ်။

ခိုးကြောင်ခိုးဝှက်နှင့်တိတ်တဆိတ်ပြုံးနေသည်  :  အားးးးး! ကမ္ဘာပေါ်မှာ ဒီလောက်ထူးခြားတဲ့ အလှလေးရှိတယ်။ ငါဒီည သူ့အမှတ်တံဆိပ်ကို လွှဲလိုက်မယ်။

ပျော်ရွှင်မှု/ေပ်ာ္ရႊင္မႈ  [Myanmar translation]Unde poveștirile trăiesc. Descoperă acum