Chapter (62-2) Z+U ပိုက်ဆံချေးခြင်း /ပိုက်ဆံချေးခြင်း

4K 856 27
                                    

Zawgyi

ပိုက်ဆံချေးခြင်း

ချင်ရှီးရွာ၏နောက်အပိုင်းကို ယနေ့ညတွင် ထုတ်လွှင့်မည်ဖြစ်သည်။

နောက်ဆုံးအပိုင်းကို သူတို့ ကန်စွန်းဥများကို ဈေးထဲသို့ ယူဆောင်လာချိန်နှင့် အဆုံးသတ်ထား၏။ ပရိသတ်များက မကြည့်ရဘဲ လွတ်သွားမည်ကို အလွန်စိုးရိမ်နေကြသည်။ထို့ကြောင့် အစီအစဉ်ကို စတင်ထုတ်လွှင့်ခြင်းမပြုသေးသော်လည်း အပိုင်းစရန် တရားဝင် Weibo သို့ အပြေးအလွှား သွားရောက်တိုက်တွန်းကြသည့် ပရိသတ်များစွာ ရှိနေပြီဖြစ်သည်။ 

"ငါမင်းကိုပြောပြမယ်။ ကျောင်းကျောင်း ကန်စွန်းဥရောင်းနေတဲ့ပုံစံကို မြင်တာနဲ့ သူဘာလို့ ဒီလောက် မြန်မြန်ရောင်းထွက်သလဲဆိုတာကို မင်းသိသွားလိမ့်မယ်။" ကျန်းခွိုက်သည် လီကျောင်းနှင့် အနီးဆုံး ဆိုင်ပိုင်ရှင်ဖြစ်သည်။သူ့ဘက်က ကန်စွန်းဥများ ရောင်းမထွက်သောအခါ သူသည် လီကျောင်း၏အခြေအနေကို ကြည့်ရန် တိတ်တိတ်လေး ပြေးသွားခဲ့၏။ ရလဒ်အနေနှင့် သူသွားသည့်အခါတိုင်း လီကျောင်းက ဝယ်သူများကို ရယ်မောစေပြီး ကန်စွန်းဥအိတ်ကြီးတစ်လုံး ဝယ်ချင်စိတ်ဖြစ်ပေါ်လာအောင် ပြုလုပ်နေသည်ကို တွေ့လိုက်ရသည်။  

ဤအပိုင်းကို အသား၊ ငါး၊ သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်၊ အမျိုးမျိုးသောဟင်းခတ်အမွှေးအကြိုင်နှင့်ပါဝင်ပစ္စည်းများ ပြည့်နှက်နေသော ပျားပန်းခပ်မျှလှုပ်ရှားသွားလာနေသည့် ဈေးတစ်ခုနှင့် အစပြုထားသည်။ ထို့နောက် ပရိုဂရမ်အဖွဲ့က 'စိတ်ထားမကောင်းသည့် ပရိုဂရမ်အဖွဲ့' ဟူသော ဆိုင်းဘုတ်ကို အနီးကပ်ချဲ့ပြလိုက်၏။ လီကျောင်းဝတ်ဆင်ထားသည့် ကုတ်အကျီနှင့် ပေါင်းစပ်လိုက်သောအခါ ဈေးသည်ကြီးပုံ ပေါက်နေတော့သည်။

စာတန်း  -  ပရိုဂရမ်အဖွဲ့က ဒီအပြစ်တင်မှုကို ခံနိုင်ရည်မရှိပါ။ 

"ဟားဟားဟားဟား။" အခြားဧည့်သည်ငါးဦးက လက်ခုပ်လက်ဝါးတီးကာ ရယ်မောလိုက်ပြီး လီကျောင်းပြုလုပ်ထားသော ဆိုင်းဘုတ်ကို အသားကုန်ချီးမွမ်းလိုက်ကြသည်။ လီကျောင်းက ကင်မရာဘက်ကို မျက်စိတစ်ဖက်မှိတ်ပြပြီး အပြစ်ကင်းစင်စွာ ပြုံးလိုက်သည်။

ပျော်ရွှင်မှု/ေပ်ာ္ရႊင္မႈ  [Myanmar translation]Where stories live. Discover now