Chapter (56-2) Z+U အစီအစဉ်ရိုက်ကူးခြင်း (2) / အစီအစဉ်ရိုက်ကူးခြင်း (2)

3.7K 830 32
                                    

Zawgyi

အစအစဉ်ရိုက်ကူးခြင်း (2)

ထရပ်ကားပိုင်ရှင်မှာ အသက် ၄၀ အရွယ် လူလတ်ပိုင်း အမျိုးသားတစ်ဦးဖြစ်သည်။ သူသည် ခရီးတို ကုန်စည်ပို့ဆောင်ရေးအလုပ်ဖြင့် မကြာခဏ ငွေရှာလေ့ရှိသူ ဖြစ်၏။ လီကျောင်း၏ရှင်းပြချက်ကိုကြားပြီးနောက် ဦးလေးကြီးသည် အလွန်ဝမ်းသာသွားပြီး မဆိုင်းမတွ သဘောတူလိုက်သည်။ သို့သော် ဦးလေးကြီးသည် လီကျောင်းနှင့် ဓာတ်ပုံရိုက်ရန် သူ့မိသားစုတစ်ခုလုံးကို ဆွဲခေါ်လာခဲ့၏။ သူက ထိုဓာတ်ပုံကို ဧည့်ခန်းထဲတွင် ချိတ်ဆွဲထားချင်ကြောင်း ပျော်ရွှင်စွာ ပြောဆိုလိုက်သည်။

သယ်ယူပို့ဆောင်ရေးပြသနာကို ဖြေရှင်းပြီးနောက် လူခြောက်ဦးသည် ပရိုဂရမ်အဖွဲ့၏ကားပေါ်မှ ရဲရဲဝံ့ဝံ့ဆင်းကာ မြို့ငယ်လေးသို့ အပြေးအလွှား သွားခဲ့ကြသည်။ မြို့ငယ်လေးသို့ရောက်ပြီးနောက် ဟင်းသီးဟင်းရွက်ဈေးသည်ဦးရေ အများဆုံးရှိသော ဟင်းသီးဟင်းရွက်ဈေးကို ရှာဖွေကာ တစ်ယောက်စီ ခင်းကျင်းရောင်းချကြ၏။ လီကျောင်းသည်လည်း သူ၏လျှို့ဝှက်ကတ်ပြားကို ထုတ်ယူလိုက်သည်။

ပရိုဂရမ်အဖွဲ့သည် ဆိုင်းဘုတ်ပေါ်ရှိ စကားလုံးများကို တွေ့လိုက်သည်နှင့် တစ်ပြိုင်နက် နာကျင်ခံစားသွားရပြန်သည်။ ဧည့်သည်များသည် ပရိုဂရမ်အဖွဲ့၏နောက်ခံကြောင့် ဟင်းသီးဟင်းရွက်ဈေးတွင်ပင် သူတို့၏ကုန်ပစ္စည်းများကို ကျယ်လောင်စွာ အော်ဟစ်ရောင်းချနိုင်ကြ၏။

လီကျောင်းသည် နံနက်စောစောက သူလုပ်ထားသည့် ဆိုင်းဘုတ်ကို ကိုင်ဆောင်ထားသည်။ "အရသာရှိတဲ့ အာလူးတွေကို လက်လွတ်မခံပါနဲ့။ ရှစ်ကျောင်တည်းနော်… မင်းမှာ ရှစ်ကျောင်ရှိတာနဲ့ အကုန်စားလို့ရတယ်။ ကန်စွန်းဥစစ်စစ်လေးတွေ ရမယ်။ ယောက်ျားလေးတွေစားရင် ပိုခန့်မယ် မိန်းကလေးတွေစားရင် ပိုလှမယ်။ လူကြီးတွေစားရင် အသက်ရှည်ပြီး ကလေးတွေစားရင် သန်မာပြီး ထက်မြက်လာမယ်။"

"လူငယ်လေး၊ ဒါက ကြော်ငြာအမှားကြီးပဲ။ မင်းကို တိုင်ဖို့ ဈေးကွက်ကြီးကြပ်ကွပ်ကဲမှုဗျူရိုကို သွားလို့ရတယ်နော်။" အဒေါ်ကြီးတစ်ယောက်သည် ရုပ်ရည်ချောမောနုပျိုသော လူငယ်လေးတစ်ဦးက ခေတ်ဟောင်းအပြာရောင်အ၀တ်အစားများ ဝတ်ဆင်ထားသည်ကို မြင်လိုက်ရပြီး သူ့အသွင်အပြင်ကြောင့် အံ့သြသွားခဲ့၏။ သူမက ရောက်လာပြီး မေးမြန်းလိုက်သည်။ "ကန်စွန်းဥက ငါတို့အတွက် ရှားပါးပစ္စည်း မဟုတ်ဘူး။ ဒါကို ဘယ်လိုရောင်းမှာလဲ။"

ပျော်ရွှင်မှု/ေပ်ာ္ရႊင္မႈ  [Myanmar translation]Where stories live. Discover now