Chapter (3) Unicode အပြစ်ကင်းသော ပွဲကြည့်ပရိသတ်

5.9K 817 19
                                    

      အပြစ်ကင်းသော ပွဲကြည့်ပရိသတ်

ထိုအွန်လိုင်းဗီဒီယိုကို တရားဝင် Weibo နှင့် ဈေးကွက်ရှာဖွေရေးသမားများက ပြန်လည်မျှဝေခဲ့ကြ၏ ။နာမည်ကြီးအချို့ကလည်း အဘိုးအိုကို သွားတွေ့ပြီး အစားအသောက်များ ပေးပို့ကြသည်။ဒေသဆိုင်ရာ အုပ်ချုပ်ရေးဝန်ထမ်းများသည် ဤကိစ္စကိုသိရှိပြီး အဘိုးအိုအတွက် အိမ်နှင့်စားစရာများကို စနစ်တကျ စီစဉ်ပေးခဲ့သည်။အင်တာနက်အသုံးပြုသူများက ဗွီဒီယိုထဲတွင်ပါသော လူငယ်လေးကို ရှာမတွေ့သည့်အတွက် စိတ်မကောင်းဖြစ်ခဲ့ကြ၏ ။

"ထိုလျှို့ဝှက်ဆန်းကြယ်သော လူငယ်လေး" သည် ရိုက်ကူးရေးအဖွဲ့၏ ထမင်းဘူးကို အခြားသူများထက် ပို၍ တက်ကြွစွာ စားနေခဲ့သည်။ မူလက စားချင်စိတ်မရှိသော မင်းသမီးသည် လီကျောင်းကို နှစ်မိနစ်ခန့်ကြည့်ပြီးနောက် အရွက်အချို့စားရန် သူ၏တူကို ကောက်ယူလိုက်သည်။

"ကျောင်းအာ ၊ မင်းအနာဂတ်မှာ နာမည်ကြီးလာရင် မင်းဘယ်လောက်စားနိုင်တယ်ဆိုတာကို ပရိသတ်တွေကို အသိပေးလို့မရဘူး"
ကျန်းရှောင်ယွမ်က ထမင်းဘူးကိုသပ်သပ်ရပ်ရပ်စားနေသည့် လီကျောင်းကိုကြည့်ပြီး မောပန်းနွမ်းနယ်နေသည့် အဖေအိုကြီးကဲ့သို့ ရုတ်တရက် ခံစားလိုက်ရသည်။

"ဘာလို့လဲ"
လီကျောင်းကနောက်ဆုံးထမင်းလုပ်ကို စားလိုက်ပြီး နှုတ်ခမ်းထောင့်များကို သန့်ရှင်းအောင် သုတ်လိုက်၏ ။

"ဘာဖြစ်လို့လဲဆိုတော့ နတ်သားလေးတွေအကုန်လုံး ကြီးပြင်းလာတဲ့အခါ နှင်းရည်သောက်ခဲ့လို့ပါပဲ။ "

(ဒါလေးကလေ Eng လိုဆို It is because all fairy men drank dew when growing up. လို့ရေးထားတာပါ idiom အသုံးထင်လို့ google မှာရှာပေမဲ့ မတွေ့တာနဲ့ တိုက်ရိုက်ဘာသာပြန်လိုက်ပါတယ် နည်းနည်းတော့ လွဲနေသလို ခံစားရတယ် အမှန်သိရင် ပြောပြပေးကြပါနော် )

ကျန်းရှောင်ယွမ်သည် လီကျောင်းပုခုံးကို နောက်တစ်ချက်ရိုက်လိုက်သည်။

"အနာဂတ်မှာ အပြင်လူတွေရှိတဲ့အခါ ထိန်းထိန်းသိမ်းသိမ်းနေဖို့သတိရပါ ။"

"အစ်ကိုရှောင်ယွမ်၊ မင်းမေ့သွားပြီလား"
လီကျောင်းက ထမင်းဘူးကို အမှိုက်အိတ်ထဲ ပစ်လိုက်ပီး ကျန်းရှောင်ယွမ်ကို သနားကြင်နာစွာ ကြည့်လိုက်သည်။

ပျော်ရွှင်မှု/ေပ်ာ္ရႊင္မႈ  [Myanmar translation]Where stories live. Discover now