Chapter (25) ဆယ်ကျော်သက်ကဲ့သို့

4.1K 700 7
                                    

ဆယ်ကျော်သက်ကဲ့သို့

"ဆရာလီ၊ ဒါကိုထပ်ရိုက်ရအောင်။ မင်းမှတ်ထားရမှာက မင်းက လူတော်တစ်ယောက်ဖြစ်ကောင်းဖြစ်လိမ့်မယ်။ ဒါပေမဲ့ မင်းရဲ့ မင်းအဖေအပေါ်လေးစားမှုနဲ့ အထင်ကြီးမှုက တခြားလူတွေထက် မလျော့ဘူး။ မင်းရဲ့သရုပ်ဆောင်တဲ့ စိတ်အခြေအနေက မလုံလောက်ဘူးဆိုရင် နောက်ပိုင်း မင်းဇာတ်ကောင်ရဲ့စိတ်ခံစားချက်အလှည့်အပြောင်းတွေက အရမ်း ရုတ်တရက်ဆန်သွားလိမ့်မယ်။"

"မိုးကောင်ကင်ကျူးရင့်သံ" ဇာတ်ကား၏ဒါရိုက်တာသည် လီကျောင်း၏သရုပ်ဆောင်မှုနှင့် ပတ်သတ်၍ အလွန်ကျေနပ်ပြီး အံ့သြစရာကောင်းလောက်အောင် အားရခဲ့ပေသည်။

လီကျောင်းသည် ဝါရင့်သရုပ်ဆောင်နှင့်ခင်မင်မှုကို ထိန်းသိမ်းထားနိုင်ပြီး သူတို့နှင့်လည်း အဆင်ပြေချောမွေ့စွာ နေနိုင်ခဲ့၏။ သို့သော်ငြား လီကျောင်းသည် အရေးပါသည့်သားအဖဇာတ်ကွက်ကို သရုပ်ဆောင်ရာ၌ အခက်အခဲတွေ့လိမ့်မည်ဟု ဒါရိုက်တာက မထင်မှတ်ထားခဲ့ပါ။

"တောင်းပန်ပါတယ်။ဒါရိုက်တာယန်" လီကျောင်းသည် ဒါရိုက်တာနှင့် မျက်နှာချင်းဆိုင်ရှိ သရုပ်ဆောင်အား တောင်းပန်ခဲ့သည်။

"အဆင်ပြေပါတယ်။" ဝါရင့်သရုပ်ဆောင်က လက်ကိုဆန့်တန်းကာ သူ့ပုခုံးကို ပုတ်ပေးလိုက်၏။ "မင်းအဖေက အိမ်မှာ မင်းအပေါ် စည်းကမ်းတင်းကျပ်တဲ့ပုံပဲ။ အဲ့ဒါကြောင့် မင်းငါ့မျက်လုံးကို ကြည့်ပြီး အထင်ကြီးလေးစားမှုကို ပေါ်လွင်အောင် မဖော်ပြနိုင်ဘူးဖြစ်နေတယ်။ ဟုတ်တယ်မလား။"

လီကျောင်းက သွားများပေါ်သည်အထိ ပြုံးပြလိုက်သည်။

"ဆရာလီ ၊ စိတ်ခံစားချက်ကိုရှာဖွေနေတုန်း ခဏနားကြမယ်။" ထိုကလေး အကျပ်ရိုက်နေသည်ကို တွေ့သဖြင့် ဒါရိုက်တာယန်မှာ စိတ်မဆိုးတော့ချေ။ သူသည် မော်နီတာနောက်မှ ထကာ လီကျောင်းဆီသို့ လှမ်းလာခဲ့သည်။ "မကြာသေးခင်က မင်းအများကြီးရိုက်ကူးထားတော့ ပင်ပန်းနေလောက်ပြီ။"

လီကျောင်းသည် ဒါရိုက်တာအား ပြုံးပြပြီး ခေါင်းကိုငုံ့ကာ ထောင့်တွင်ထိုင်ရန် ထိုင်ခုံအသေးတစ်လုံးကို ချလိုက်သည်။ လီကျောင်းက ဇာတ်ကောင်၏ခံစားချက်အား ရှာဖွေနေသည်ကို သိသဖြင့် ကျန်အဖွဲ့သားများက သူ့ကို အနှောက်အယှက်မပေးကြပေ။ အဖွဲ့သားအားလုံးက သူ့အား အပြစ်မတင်သော်လည်း ပင်ပန်းနေခြင်း မဟုတ်ကြောင်း သူ့ကိုယ်သူ သိပေသည်။ ထိုသို့ဖြစ်ရခြင်းမှာ သူက ဇာတ်ကောင်၏စိတ်ခံစားချက်ကို မခံစားမိသောကြောင့် ဖြစ်၏။

ပျော်ရွှင်မှု/ေပ်ာ္ရႊင္မႈ  [Myanmar translation]Where stories live. Discover now