Chapter (61-1) Z+U သစ်ပင်စိုက်ပျိုးခြင်း / သစ်ပင်စိုက်ပျိုးခြင်း

4.1K 800 31
                                    

Zawgyi


ဒါရိုက်တာသည် ယခုအခါ နောင်တကြီးစွာ ရနေခဲ့သည်။ တကယ်လို့ ဧည့်သည်လုဟောင် အကြံပြုချင်တဲ့လူက လီကျောင်းဆိုတာ သူသိခဲ့ရင် ရှုပေ ဆယ်ယောက်ပေးရင်တောင်မှ ပြောင်းလဲမိမှာ မဟုတ်ဘူး။ အားးးး၊ သူက တောက်ပတဲ့ဘက်အခြမ်းကို ကြည့်နေမိတာပဲ။ လီကျောင်းရဲ့ စွမ်းဆောင်ရည်က နောက်အပိုင်းကျရင် သိပ်ကောင်းမယ် မထင်ပါဘူး။

သူ့ကိုယ်သူ နှစ်သိမ့်ပြီးနောက် ဒါရိုက်တာက မတ်တပ်ရပ်လိုက်သည်။ "ရှုပေကို ရိုက်ကူးရေးလုပ်မယ်လို့ မြန်မြန်သွား အကြောင်းကြားလိုက်။ ဇီကျားရဲ့ထောက်ပံ့မှုရှိနေတာနဲ့ပဲ စည်းမျဉ်းတွေကို လိုက်နာစရာမလိုဘူးလို့ မထင်နဲ့။"

အပေါင်းအသင်း သူငယ်ချင်းများထဲတွင် အတွင်းလူများ ရှိနေတတ်သည်။ မည်သူ့ကိုမှ ထိခိုက်နစ်နာအောင် လုပ်၍ မဖြစ်ချေ။ သူသည် နာမည်ကြီးထုတ်လုပ်သူနှင့် ဒါရိုက်တာတစ်ဦးဖြစ်၏။ လူသစ်တစ်ယောက်ကို ပြုစုစောင့်ရှောက်ပေးရန် သူ့အတွက် မလိုအပ်လှပေ။ ယခင်က ဇီကျားအင်တာတိန်းမန့်ကြောင့် ရှုပေအပေါ် သည်းခံခဲ့သော်လည်း ဝေးလံခေါင်သီတောင်တန်းတောမြောင်ဆီမှ လီကျောင်း၏ရပ်သပ်ရှုမောဖွယ်ရာစွမ်းဆောင်ရည်များကို သူမြင်တွေ့ရသောအခါ သည်းခံမှုများသည် မကျေနပ်မှုများအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

'အချစ်' သည် သူဖန်တီးပုံဖော်ထားသည့် ရှိုးတစ်ခုဖြစ်သည်။ ထိုရှိုးအတွက် သူသည် အစာအိမ်ထဲတွင် အပေါက်ဖြစ်လောက်သည်အထိ အရက်သောက်ပြီး တီဗီဌာနခေါင်းဆောင်များရှေ့တွင် အခွံထဲပုန်းနေသည့်လိပ်သဖွယ် ပြုမူခဲ့ရ၏။ သူက ဒီရှိုးကို အောင်မြင်အောင် ကြိုးစားခဲ့ရတာကို ဘယ်လိုလုပ်ပြီး ဒုတိယရာသီမှာ ကျဆင်းစေချင်မှာလဲ။

***

ရှုပေသည်လည်း ဝေးလံခေါင်သီတောင်တန်းတောမြောင်ဆီကို ကြည့်ရှုခဲ့သည်။ လီကျောင်းနေထိုင်သည့်ဗီလာကြောင့် ဆွေးနွေးမှုဂယက်လှိုင်း ဖြစ်လာသဖြင့် သူလည်းပဲ သူ့ဗီလာအား ပြသချင်ခဲ့၏။ သို့သော် ပရိုဂရမ်အဖွဲ့က သူ့အဆိုပြုချက်အား လျစ်လျူရှုပြီး ရိုက်ကူးရန် ဆက်လက်တွန်းအားပေးခဲ့သည်။

ပျော်ရွှင်မှု/ေပ်ာ္ရႊင္မႈ  [Myanmar translation]Where stories live. Discover now