Chapter (41) သီးသန့်အမှာစာ

4K 647 38
                                    

သီးသန့်အမှာစာ

"လီကျောင်းရဲ့အဖွဲ့က အရမ်းလုပ်နိုင်စွမ်းရှိတာပဲ။ လက်ဝတ်ရတနာပညာရှင်ဝမ်ကတောင် သူ့ကို စကားကူပြောပေးတယ်။ လက်ဝတ်ရတနာပညာရှင်ဝမ်ရဲ့ အခြေခံအကျဆုံး အသက်မွေးဝမ်းကျောင်းကျင့်ဝတ်တွေ ပျောက်ဆုံးသွားပြီ။ ဘယ်ရတနာပညာရှင်က ဓါတ်ပုံအနည်းငယ်နဲ့ ကျောက်မျက်ရတနာတွေကို အတုအစစ်ခွဲဖို့ သတ္တိရှိမှာလဲ။"

"ငါလည်း ဒါကို ပြောချင်နေတာ ။ လက်ဝတ်ရတနာကို ခွဲခြားတာက ပစ္စည်းအစစ်ကို ကြည့်တဲ့အပေါ်မှာ အခြေခံတာ မဟုတ်ဘူးလား။"

"ဖရဲသီးများများစားလေ ပိုပြီးစိတ်ဝင်စားဖို့ကောင်းလာလေပဲ။ ကိစ္စတွေက နောက်ကြောင်းပြန်ပြီးရင်း ပြန်နေတယ်။ ဒါက ဦးနှောက်စားတဲ့ဇာတ်လမ်းတွဲကို လိုက်လံရှာဖွေနေရသလိုပဲ။ မင်းတို့ ဆက်ပြီးငြင်းခုံနိုင်ပါတယ်။ မင်းတို့က ငါ့လို ဖရဲသီးစားသူတွေအတွက် ပူပန်နေစရာ မလိုဘူး။ တစ်ယောက်ကိုတစ်ယောက် အစိတ်စိတ်အမြွာမြွာဖြစ်အောင် ဆက်ပြီး ဆုတ်ဖြဲပြီးရင်း ဆုတ်ဖြဲနေကြပါ။"

"စတူဒီယိုက ကြော်ငြာဓာတ်ပုံတွေ တင်ထားတယ်။ ညီအစ်မတို့ရေ၊ လက်ဝတ်ရတနာတွေက အစစ်ပဲဖြစ်ဖြစ် အတုပဲဖြစ်ဖြစ် ငါကြည့်ချင်တယ်။ ဒီမျက်နှာလေးနဲ့ဆို ငါလုပ်နိုင်တယ်။"

"လက်ဝတ်ရတနာတွေက အတုဖြစ်ပေမဲ့ မျက်နှာကတော့ အတုမဟုတ်ဘူး။"

"ကျွန်တော့်မိသားစုထဲက တစ်ယောက်က ပလတ်စတစ်ဆာဂျရီလုပ်တယ်။ ငါမေးကြည့်လိုက်တော့ ဒီမျက်နှာက တကယ့်သဘာဝအတိုင်းပဲတဲ့။"

"အလှတရားနဲ့ မွေးဖွားလာတဲ့ ယောက်ျားလေးတွေနဲ့ မိန်းကလေးတွေက ရတနာတစ်ပါးပါ။ ဘာလို့ လီကျောင်းက ပြောရေးဆိုခွင့်ရှိသူတစ်ယောက် ဖြစ်လာရသလဲဆိုတာကို ငါနည်းနည်းလေး နားလည်တယ်။ သူက တကယ့်ကို တောက်ပတဲ့ကြယ်လေးတစ်ပွင့်ပဲ။"

"အပေါ်ယံပဲကြည့်တတ်တဲ့ မင်းတို့မိန်းမတွေ၊ မင်းတို့က မျက်နှာကို ဘယ်လိုကြည့်ရမလဲဆိုတာပဲ သိတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီမျက်နှာက တကယ့်ကို ချောမောပြီး မွှေးပျံ့ကြိုင်လှိုင်နေတာပဲ။"

ပျော်ရွှင်မှု/ေပ်ာ္ရႊင္မႈ  [Myanmar translation]Where stories live. Discover now