Chapter (74-1) Z+ U

3.6K 754 44
                                    

Zawgyi

တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ ဖြေဆိုခြင်း

မိုးကောင်းကင်တိမ်တိုက်များဇာတ်ကားမစတင်မီ နှစ်ရက်အလိုအထိ လီကျောင်းသည် အိမ်တွင် တစ်နေကုန် စာလုပ်နေခဲ့သည်။

စားဖိုမှူးအဒေါ်က သူ့အတွက် ငါးစွပ်ပြုတ် လုပ်ပေးရန် မီနူးပြောင်းလိုက်ပြီး အလုပ်မှပြန်လာပြီးနောက် ရန်ထင်း ပထမဆုံးလုပ်သည့်အရာမှာ လီကျောင်း ဖြေဆိုထားသည့် စာရွက်များကိုဖွင့်ကာ ပုစ္ဆာတစ်ပုဒ်စီအတွက် ဖြေရှင်းနည်း ၁၈ မျိုးကို ပြောပြခြင်း ဖြစ်သည်။

ထိုမှသာ လီကျောင်းသည် ချန်ဟွမ်းဥက္ကဌအတွက် အလုပ်လုပ်ပေးသူများမှာ ထိပ်တန်းကျောင်းသားများ ဖြစ်ရမည်ဟု နားလည်သွားခဲ့၏။

"ဒီမေးခွန်းက အရမ်းရိုးရှင်းတယ်။ ပုစ္ဆာကို ဖြေရှင်းဖို့ နည်းလမ်းက အပိုမျဉ်းတစ်ကြောင်း ဆွဲလိုက်ရုံပဲ။" ရန်ထင်းက ပုစ္ဆာတွက်သည့် အဆင့်များကို စာရွက်ပေါ်တွင် ချရေးလိုက်သည်။ "မင်းက အရမ်းတော်နေပါပြီ။ စာမလေ့လာတာ နှစ်နှစ်ရှိပြီ ဆိုပေမဲ့ မေးခွန်းတွေ အများကြီး ဖြေနိုင်ပါသေးတယ်။"

ရန်ထင်းသည် လီကျောင်းအား စာသင်ရင်း ချီးကျူးစကားပြောရန်လည်း မမေ့ခဲ့ချေ။

ကျောင်းသားများကို စာသင်သောအခါ ချီးကျူးစကားပြောပေးသည့်နည်းလမ်းက အလွန်နာမည်ကြီးလှ၏။ သူသည် ပညာရေးလမ်းကြောင်းများနှင့် လိုက်လျောညီထွေဖြစ်ရန် လိုအပ်ပြီး သို့မှသာ သူ့ကလေးသည် သင်ယူမှုလမ်းကြောင်းပေါ်တွင် နောက်ကျမကျန်ခဲ့မည်ဖြစ်သည်။

"ထင်းထင်း၊ မင်းက အရမ်းတော်တာပဲ။" လီကျောင်းသည် ရန်ထင်း၏ ပုစ္ဆာဖြေရှင်းနည်းအတိုင်း နောက်တစ်ခေါက် ထပ်တွက်လိုက်သည်။ "မင်းသာ တစ်ယောက်ယောက်ကို ကျူရှင်ပြပေးရင် အဲ့မိဘတွေက မင်းကို လစာအများကြီးပေးမှာ ကျိန်းသေတယ်။ ဘာလို့ဟိုတယ်ကိုသွားပြီး စားပွဲထိုးလုပ်ရတာလဲ။"

မျက်နှာနီရဲပြီး အဆီတဝင်းဝင်းဖြစ်နေတဲ့ အမူးသမားရဲ့ အခွင့်ကောင်းယူတာ ခံရတော့မလို့။

ရန်ထင်းက သူ့လက်ကို မြှောက်ပြီး မေးခွန်းတစ်ခုကို ညွှန်ပြလိုက်၏။ "ဒီမေးခွန်းက စံနမူနာပုံစံမျိုးပဲ။ ဒါပေမဲ့ ဒီလိုမေးခွန်းတွေအတွက် ပုံသေဖော်မြူလာတစ်ခု ရှိတယ်။ မေးခွန်းတစ်ခုဖြေနိုင်တာနဲ့ ကျန်တဲ့မေးခွန်းတွေအကုန် ဖြေနိုင်သွားလိမ့်မယ်။ တစ်ခါတည်း ဒီပုစ္ဆာကို တွက်ကြည့်လိုက်ပါ။" 

ပျော်ရွှင်မှု/ေပ်ာ္ရႊင္မႈ  [Myanmar translation]Where stories live. Discover now