Chapter (14) Z+U သက်ဝင်လှုပ်ရှားနေသော / သက်ဝင်လှုပ်ရှားနေသော

5K 846 12
                                    

Zawgyi


တကယ်တမ်းဆိုရလျှင် ယောင်ရှရှသည် လီကျောင်းမျက်နှာပေါ်ရှိအပြုံးအောက်တွင် အမှန်တကယ် ရှုံးနိမ့်သွား၏။ လွန်ခဲ့သောနှစ်နှစ်က သူမသည် တက်သစ်စ အမျိုးသမီးအနုပညာရှင်အား ခြိမ်းခြောက်ရန် ထိုအကြည့်များကို သုံးခဲ့သည်။ ထိုနေ့မှစ၍ တက်သစ်စအမျိုးသမီးအနုပညာရှင်လေးသည် ယောင်ရှရှကသူ့အား လက်စားချေလိမ့်မည်ဟု တွေးကာ ကြောက်လန့်သွားပြီး အနုပညာလောကမှ ထွက်ခွာသွားခဲ့သည်။

သူမသည် လီကျောင်းအပေါ် ထိုလှည့်ကွက်က လုံးဝအသုံးမဝင် ဖြစ်သွားလိမ့်မည်ဟု မမျှော်လင့်ခဲ့ပါ ။သူမ မသိသည်မှာ ဟိုးအရင်ကတည်းက လီကျောင်းသည် ပို၍ ကြောက်စရာကောင်းပြီး ရက်စက်သောမျက်လုံးများကို မြင်ခဲ့ဖူးကြောင်းပင် ဖြစ်သည်။

ပြုံးပြပြီးနောက် ပတ်ဝန်းကျင်လေထုသည် မသက်မသာ ဖြစ်သွား၏ ။ သုံးယောက်လုံး အစဉ်လိုက် လမ်းလျှောက်လာပြီး မည်သူကမှ စကားမဆိုကြပေ။

သူတို့က စတူဒီယို၏နောက်ဘက်သို့ ဝင်လာပြီး သူတို့သုံးယောက်အား အကြမ်းဖျင်းအစီအစဉ်အကြောင်း မပြောပြမီ မိတ်ကပ်ပညာရှင်က သူတို့သုံးယောက်အတွက် မိတ်ကပ်လိမ်းခြယ်ပေးခဲ့သည်။ ဒါရိုက်တာလျို့က ဘေးတွင်ရပ်ကာ စကားမပြောကြသော လူသုံးယောက်ကို ကြည့်လိုက်သည်။ သူသည် ငယ်ထိပ်မှ ဆံပင်နှစ်ချောင်း ထပ်မံဆုံးရှုံးမည်ကို စိုးရိမ်နေရ၏ ။

လေထုက အလွန်တင်းကျပ်နေပြီး စင်ပေါ်ရှိ ဇာတ်လိုက်များကြားက ပြဿ      နာကို မည်သူက မြင်နိုင်မည်နည်း ။အတိတ်တွင် သူသည် လီကျောင်းကို အမြဲနှိပ်ကွပ်ပြီး ကျန်နှစ်ယောက်ကို ပစားပေးထားခဲ့သည်။ ယခုအခါ လီကျောင်းသည် နာမည်အကြီးဆုံးဖြစ်ပြီး ဒရမ်မာ၏ကျော်ကြားမှုကို ထိန်းသိမ်းပေးထားသည်။ ထို့ကြောင့် သူသည် မည်သူ့ကိုမှ စိတ်အနှောက်အယှက်ပေးရန် မဖြစ်နိုင်ပါ။

''လွှမ်းမိုးခြယ်လှယ်နိုင်စွမ်းရှိသော အမျိုးသမီးဥက္ကဋ္ဌ'' ၏ ကြယ်ပွင့်များအကြား တစ်ခုခု မှားယွင်းနေကြောင်း အစီအစဉ်အဖွဲ့က မြင်ပုံမရပေ။ ရိုက်ကူးမှုစတင်သည်နှင့် သူတို့က ထိုသုံးယောက်ကို အတူတကွရပ်ကာ ဂိမ်းတစ်ခု ကစားစေသည်။

ပျော်ရွှင်မှု/ေပ်ာ္ရႊင္မႈ  [Myanmar translation]Donde viven las historias. Descúbrelo ahora