Chapter (29)

2.5K 198 9
                                    

Chapter (29)

"အစ်ကိုကျောင်း၊ ဒီမှာ ကျွန်တော်တို့အတွက် အရမ်း စိတ်ဝင်စားဖို့ကောင်းတဲ့သတင်း ရှိတယ်။" ကျောင်းကျွင်းနန်က သူ၏ဒေါသများကို ဖွင့်ထုတ်ပြီးနောက် သူ၏ကိုယ်ရေးလက်ထောက်က တီးတိုးပြောခဲ့သည်။ “ဇာတ်ကားထဲမှာအတူတူ သရုပ်ဆောင်တဲ့ စုန့်ယွီက အပေါ်ယံမှာသာ လီကျောင်းနဲ့ သူငယ်ချင်းကောင်းဖြစ်နေတာ။ တကယ်တော့ သူတို့ရဲ့ပုဂ္ဂလိကဆက်ဆံရေးက အရမ်းဆိုးရွားတယ်။ ကျွန်တော်တို့ကို ကူညီဖို့ စုန့်ယွီကို ငှားလို့ရလောက်တယ်။ လီကျောင်းက အဆင့် ၁၈ ပဲရှိတဲ့ အွန်လိုင်းဒရမ်မာသရုပ်ဆောင်ဖြစ်ပေမဲ့ အစ်ကိုကတော့ ပထမအဆင့်အိုင်ဒေါလေ။ အစ်ကို သူ့ကို ကိုယ်တိုင်ကိုယ်ကျ အပေးအယူလုပ်တာကို "မိုးကောင်းကင်၏ကျူးရင့်သံ" အဖွဲ့သားတွေ သိသွားရင် မကောင်းဘူး။"

“သူတို့ကို ညီအစ်ကိုကောင်းတွေလို့ သိထားတာ မဟုတ်ဘူးလား။” အခြားလက်ထောက်တစ်ယောက်က အံ့သြသွား၏။ “မကြာသေးခင်က လီကျောင်းက Weibo အကောင့်တစ်ခု မှတ်ပုံတင်ခဲ့ပြီးတော့ "လွှမ်းမိုးခြယ်လှယ်နိုင်စွမ်းရှိတဲ့ အမျိုးသမီးဥက္ကဋ္ဌ" အဖွဲ့ရဲ့ စုန့်ယွီက သူ့ကို ပထမဆုံး follow လုပ်ခဲ့တဲ့ အနုပညာရှင်ပဲ။ အဲ့ကိစ္စက hot search မှာတောင် ပါခဲ့သေးတယ်။" 

"ဒီ hot search ကို စုန့်ယွီရဲ့အဖွဲ့က ဝယ်ခဲ့တာ။" ကိုယ်ရေးလက်ထောက်က နှာခေါင်းရှုံ့လိုက်သည်။ "လွှမ်းမိုးခြယ်လှယ်နိုင်စွမ်းရှိတဲ့ အမျိုးသမီးဥက္ကဋ္ဌအဖွဲ့မှာ ငါ့ရဲ့သူငယ်ချင်းတစ်ယောက်ရှိတယ်။ စုန့်ယွီက လီကျောင်းကို အခက်အခဲတွေဖြစ်အောင် အမြဲလုပ်ခဲ့တယ်လို့ သူကပြောတယ်။ အမျိုးသားဇာတ်လိုက်နေရာကိုတောင် စုန့်ယွီက သူ့ကိုပေးထားတာ။ အခု ဒရမ်မာထုတ်လွှင့်တဲ့အခါ လီကျောင်းက နာမည်ကြီးလာပြီး စုန့်ယွီက အင်တာနက်အသုံးပြုသူတွေရဲ့ အဆဲအဆိုကို ခံနေရတယ်။ သူက ဘယ်လိုလုပ် ပျော်ရွှင်နိုင်မှာလဲ။"

“အဲ့ဒါမမှန်လောက်ဘူး။ အကယ်၍ သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးက တကယ့်ကို ဆိုးရွားနေတာဆိုရင် စုန့်ယွီရဲ့မကောင်းသတင်းတွေ ပေါက်ကွဲထွက်လာတုန်းက လီကျောင်းကဘာလို့ ကူညီဖြေရှင်းပေးခဲ့တာလဲ။” အခြားလက်ထောက်တစ်ဦးက မေးခွန်းတစ်ခု မေးခဲ့သည်။ "သူကအပျိုစင်မယ်ရီမို့လို့လား။"

ပျော်ရွှင်မှု/ေပ်ာ္ရႊင္မႈ  [Myanmar translation]Where stories live. Discover now