Chapter (68) Z+U အရသာ / အရသာ

4.1K 805 26
                                    

Zawgyi

အရသာ

လီကျောင်းသည် အလျင်စလိုဖြစ်နေပြီး အဆုံးတွင် အချိန်မီ ချန်ဟွမ်းသို့ ရောက်ရှိသွားသည်။

"ကျောင်းကျောင်းရေ ငါပြန်တော့မယ်နော်။" တခယ်က လီကျောင်းကို တိုးတိုးလေး ကပ်ပြောလိုက်သည်။ "တစ်ခြားလူတွေ မင်းကို မမှတ်မိစေနဲ့။ မင်းက အခု နာမည်ကြီး အနုပညာရှင်တစ်ယောက် ဖြစ်နေပြီ။"

“ဖျော်ဖြေရေး အသိုင်းအဝိုင်းမှာ နာမည်ကြီး အနုပညာရှင်တွေ ဘယ်လောက်များလိုက်သလဲ။” လီကျောင်းက mask တပ်လိုက်၏။ “အရမ်းကြီးဂုဏ်ယူဝံ့ကြွားနေစရာ မလိုပါဘူး။”

"သူတို့က မင်းနဲ့ ယှဉ်လို့ရမလား။" တခယ်သည် အလွန်တရာ ဂုဏ်ယူလျက် ပြောလိုက်သည်။ "ဝေးလံခေါင်သီတောင်တန်းတောမြောင်ဆီတုန်းက မင်းရဲ့ရသစုံရှိုးဖျော်ဖြေပုံကို ရသစုံရှိုးပရိုဂျူဆာတွေအကုန်လုံး မြင်ပြီးပြီ။ အရင်နှစ်ရက်ကတည်းက ကုမ္ပဏီက ရသစုံရှိုးဖိတ်စာတွေအများကြီး လက်ခံခဲ့ရပြီး ဈေးနှုန်းကလည်း တော်တော်လေးမြင့်တယ်။"

"အဲ့ဒါ ဘာအဓိပ္ပာယ်လဲ သိလား။" တခယ်က လေးနက်ဝံ့ကြွားစွာ ပြောလိုက်သည်။ "ဒါက မင်းရဲ့တန်ဖိုးတက်လာတာကို ကိုယ်စားပြုတယ်။"

"တခယ်၊ မင်းမှာ ကြွားလုံးထုတ်ဖို့ ဥာဏ်နည်းနေသေးတယ်။"လီကျောင်းက ဦးထုပ်ဆောင်းပြီးနောက် တံခါးဖွင့်လိုက်သည်။ "မင်း အတွက် ခက်​ခဲတာမို့လို့ စောစောပြန်လိုက်တော့။"

တခယ်သည် လီကျောင်းကားထဲမှ ပြေးထွက်သွားသည်ကို ကြည့်ပြီး ရေရွတ်လိုက်၏။ "လက်ထောက်တစ်ယောက်ဖြစ်ရတာ တကယ့်ကို ခက်ခဲတာပဲ။ အမှန်အတိုင်းပြောပေမယ့် မယုံကြဘူး။”

လီကျောင်း တံခါးကိုဖြတ်၍ ဝင်လာသောအခါ ကောင်တာစားပွဲမှ ဝန်ထမ်းလေးသည် လီကျောင်းကို မြင်ပြီးနောက် စိတ်အားထက်သန်စွာ ဦးညွှတ်နှုတ်ဆက်လိုက်သည်။ "မင်္ဂလာပါ၊ သူငယ်ချင်းတစ်ယောက်ယောက်ကို အလုပ်ကနေ ကြိုဖို့လာတာလားရှင့်။'

အရှေ့ကောင်တာရှိ ကောင်မလေးတွင် ချစ်စရာကောင်းသော ပန်းသီးပုံမျက်နှာလေး ရှိသည်။ လီကျောင်းက သူမကို ပြုံးပြပြီးနောက် mask တပ်ထားသဖြင့် တစ်ဖက်လူက သူ့အမူအရာကို မမြင်နိုင်ကြောင်း သတိရသွား၏။ "ဟုတ်ပါတယ်။ ကျေးဇူးပါ။"

ပျော်ရွှင်မှု/ေပ်ာ္ရႊင္မႈ  [Myanmar translation]Where stories live. Discover now