Chapter (22) ရနံ့

4.7K 754 17
                                    

ရနံ့

"ငါသူ့လိုလူမျိုးကို ဘယ်တုန်းကမှ မမြင်ဖူးဘူး။"

“သူ့အပြုံးကအရမ်းတောက်ပတယ်…” 
သက်တောင့်သက်သာအရှိဆုံးထိုင်ခုံတွင် ထိုင်နေရသော်လည်း ထိုလူသည် ကျောကိုဖြောင့်မတ်စွာထိုင်လျက် သူ၏ရှပ်အင်္ကျ ီကြယ်သီးတိုင်းကို မြဲမြံစွာ တပ်ထားခဲ့သည်။

၎င်းသည် ဒေါက်တာစွန်းက အခြားသူ၏မျက်ဝန်းထဲ၌ ထိုကဲ့သို့တောက်ပမှုကို ပထမဆုံးအကြိမ်မြင်ဖူးခြင်း ဖြစ်သည်။ ဆရာဝန်တစ်ဦး အနေနှင့် သူသည် စိတ်ပူခြင်းနှင့် ပျော်ရွှင်ခြင်း နှစ်မျိုးလုံးကို တစ်ပြိုင်နက်တည်း ခံစားနေရသည်။ သူ၏ယခင်လူနာများထဲတွင် သူတို့၏ ကွန်းခိုရာကိုတွေ့ရှိပြီး တဖြည်းဖြည်းပျော်ရွှင်လာကာ အသက်ရှင်ရန် မျှော်လင့်ချက်ကို ရှာဖွေလာကြသည့်သူများ ရှိခဲ့သည်။ သို့သော် မည်သူကမှ အခြားသူ၏ဘဝကို ကယ်တင်ရန် မွေးဖွားလာခဲ့ခြင်း မဟုတ်ပေ။ သူတို့၏ကွန်းရာကိုဆုံးရှုံးလိုက်ရသည်နှင့် လူနာများမှာ ပိုမိုဆိုးရွားလာပြီး ပြန်လမ်းမရှိသည့် အသူတရာချောက်နက်ထဲသို့ ခုန်ဆင်းသွားကြသည်။

ရန်ထင်းက စကားအနည်းငယ်သာပြောပြီး တိတ်ဆိတ်သွားပြန်သည်။ ယခုတစ်ကြိမ်သည် ရန်ထင်းပြောဖူးသမျှထဲတွင် အများဆုံးစကားပြောခြင်း ဖြစ်သည်။ ဒေါက်တာစွန်းသည် သူနှင့်စကားစမြည်ပြောဆိုရန် အခွင့်အရေး လိူသဖြင့် “သူက အရမ်းကောင်းတဲ့လူတစ်ယောက် ဖြစ်ရမယ်။” ဟုချီးမွမ်းလိုက်သည်။

"သူကရယ်ရတာကြိုက်တယ်။" ရန်ထင်းက ခေတ္တမျှတိတ်ဆိတ်သွားပြီး "သူက နားပူနားဆာလုပ်ရတာလည်းကြိုက်တယ်။"

"သူကမင်းကိုနားပူနားဆာလုပ်တာလား။" ဒေါက်တာစွန်းက ပေါ့ပေါ့ပါးပါးထိုင်လိုက်သည်။သူသည် လူနာအား သူ၏ဆရာဝန်ဟူသောဂုဏ်ပုဒ်ကို မေ့လျော့ထားပြီး နှလုံးသားကိုဖွင့်ကာ စကားပြောလာမည်ကို လိုချင်ခဲ့သည်။

ရန်ထင်းသည် တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် သူ၏လက်ကောက်ဝတ်ကို ကြည့်ကာ မတ်တပ်ရပ်လိုက်သည်။ “အချိန်ကျပြီ။”

ပျော်ရွှင်မှု/ေပ်ာ္ရႊင္မႈ  [Myanmar translation]Hikayelerin yaşadığı yer. Şimdi keşfedin