Chapter (67-1) Z+U

3.5K 778 18
                                    

Zawgyi

သူဌေးကြီး သူတို့နားသို့ ချဉ်းကပ်လာသည်ကို မြင်လိုက်ရသောအခါ ခြေထောက်များ ပျော့ခွေသွားသူမှာ ကျူးရှတစ်ယောက်တည်း မဟုတ်ပေ။ သူမ၏လုပ်ဖော်ကိုင်ဖက်များနှင့် အတွင်းရေးမှူးများကလည်း တစ်ခုခုမှားနေကြောင်း ခံစားမိပြီး နောက်ပြန်ဆုတ်သွားကြသည်။

လုပ်ဖော်ကိုင်ဖက်လက်ထောက်လေး၏ ခေါင်းထဲတွင် တဝီဝီမြည်နေပြီး ထင်ကြေးများစွာ ထွက်ပေါ်လာသည်။ ကျူးရှမှာ ပြသနာရှိတာလား။ သူမက စီးပွားရေးသူလျှိုတစ်ယောက်လား။ မဟုတ်လောက်ဘူး၊ ကျူးရှရဲ့အထောက်အထား အကဲဖြတ်ချက်က အောင်မြင်ပြီး သူမက ကျူးရှကို အသေးစိတ် လေ့ကျင့်သင်ကြားပေးဖို့ အစီအစဉ်တွေတောင် ဆွဲထားပြီးပြီ။ ဒါဆို သူဌေးကြီးက ဘာလို့ ဒီလိုမျိုး တုံ့ပြန်ရတာလဲ။

သူမစိတ်ထဲ ရှုပ်ထွေးနေစဉ် သူဌးကြီးက သူတို့နား ရောက်လာခဲ့သည်။

"အစ်မရှ…"

"အ-အစ်မရှ…"

လုပ်ဖော်ကိုင်ဖက်နှင့် အတွင်းရေးမှူးများသည် ကိစ္စများစွာကို မြင်တွေ့ဖူးကြသော်လည်း သူဌေးကြီး၏ "အစ်မရှ" ဟု ခေါ်သံကြောင့် အလွန်ချောက်ချားသွားသဖြင့် သူတို့၏ အမူအရာကို မထိန်းချုပ်နိုင်ဘဲ အံ့သြထိတ်လန့်သွားကြ၏။

လုပ်ဖော်ကိုင်ဖက်က ကျူးရှကို လှည့်ကြည့်လိုက်ပြီး သူမ၏ခံစားချက်များ အလွန်ရှုပ်ထွေးသွားသည်။ လျှပ်စစ်ဆိုင်ကယ်စီးပြီး အလုပ်လာလေ့ရှိတဲ့ လုပ်ဖော်ကိုင်ဖက်က တကယ်တော့ သူဌေးကတောင် "အစ်မ"လို့ ခေါ်ရတဲ့လူတစ်ယောက် ဖြစ်နေတယ်။ ဒီလို အဓိပ္ပါယ်မရှိတဲ့ကိစ္စမျိုးက တီဗီဒရာမာတွေမှာတောင် ပေါ်လာမှာ မဟုတ်ဘူး။ သူမက အထက်လူကြီးတစ်ယောက်ယောက်ကို ပြောပြသင့်တယ်။ သူမရဲ့အထောက်အထားကို စစ်ဆေးဖို့ ဌာနက ဘယ်လောက် ကြိုးပမ်းခဲ့လဲဆိုတာကို သူမ မသိဘူးလား။

ရန်ထင်းက 'အစ်မရှ' ဟု အော်ခေါ်လိုက်ပြီးနောက် ပတ်ဝန်းကျင်တစ်ခုလုံး အေးခဲသွားသည်။

အစ်မရှသည် မြေပြင်ပေါ် ထိုင်ချလိုက်ချင်သော်လည်း လူတိုင်းက သူ့ကို ကြည့်နေသည့်အတွက် အံ့အားသင့်ပြီး မှင်သက်သွားသည်။ ရှုပ်ယှက်ခတ်နေသော သူမ၏ စိတ်ထဲတွင် အတွေးတစ်ခုသာ ရှိနေ၏။ ငါက ကျောင်းကျောင်းရဲ့အစ်မပဲ…အဆင့်အတန်း ဒါမှမဟုတ် ငွေကြေးကို သုံးပြီး သူ့ကို ဘယ်သူကမှ ထိခိုက်နစ်နာအောင် လုပ်ခွင့်မပေးနိုင်ဘူး။

ပျော်ရွှင်မှု/ေပ်ာ္ရႊင္မႈ  [Myanmar translation]Where stories live. Discover now