Chapter (61-2) Z+U သစ်ပင်စိုက်ပျိုးခြင်း /သစ်ပင်စိုက်ပျိုးခြင်း

3.7K 791 28
                                    

Zawgyi


"ပျော်ပျော်နေပါကွာ။ ရှိုးပွဲအကူအညီကြောင့် သူမရဲ့ကလေးပြန်ရနိုင်ခြေက ပိုများလာပြီ။” ကျန်းခွိုက်သည် လီကျောင်းစိတ်အခြေအနေမကောင်းကြောင်း သတိပြုမိပြီး သူ့ကို နှစ်သိမ့်ပေးလိုက်သည်။ “မင်းမျက်နှာက တော်တော်အရေးပါတာပဲ။ ယောက်ျား မိန်းမနဲ့ ကလေးပါမကျန် သဘောကျကြတယ်။"

"ဒါက ကံကောင်းလို့နေမှာပါ။" လီကျောင်းက သူ့မျက်နှာသူ ထိကြည့်လိုက်သည်။ "သာမန်လူတွေကတော့ ဒီလိုအရာမျိုးကို အားကျကြတယ်။" 

“ဦးလေးနဲ့အဒေါ်က ချောမောလှပတဲ့လူတွေ ဖြစ်ရမယ် မဟုတ်ရင် ဒီလို ရုပ်ချောတဲ့ ကလေးမျိုး မမွေးနိုင်လောက်ဘူး။”

လီကျောင်းက ပြုံးနေခဲ့သည်။

ကျန်းခွိုက်သည် ၎င်းကို သဘောတူညီမှုတစ်ခုအဖြစ် ယူဆပြီး ဗိုက်ကိုထိကာ ဗိုက်ဆာနေပြီဟု အော်ဟစ်လိုက်သည်။ သူတို့ ချက်ပြုတ်သည့်နေရာသို့ ရောက်သည်နှင့် ဖုန်တက်နေသော ရွှံ့မီးဖို၊ မဆေးကြောရသေးသော သံအိုးကြီးနှင့် မခုတ်ရသေးသော ထင်းပုံကြီးကို တွေ့လိုက်ရ၏။ ကံကောင်းထောက်မသဖြင့်ထိုဘေးတွင် ရေစုပ်စက်ကောင်းကောင်းတစ်ခုရှိ၍ ရေသယ်ရန် မလိုအပ်ချေ။

“ပရိုဂရမ်အဖွဲ့က ဒီလိုညစ်ပတ်တဲ့နေရာကို ရှာဖို့ ကြိုးကြိုးစားစား အလုပ်လုပ်ခဲ့ရမှာပဲ။” လီကျောင်းသည် ပရိုဂရမ်က ပြင်ဆင်ပေးထားသည့်တံမြက်စည်းကို ကောက်ကိုင်ကာ ကြမ်းပြင်ကို စတင်လှည်းကျင်းလိုက်သည်။  

"မင်းက ဘယ်လိုလုပ်သိတာလဲ။"

“လွန်ခဲ့တဲ့ နှစ်အတော်ကြာတုန်းက နိုင်ငံတော်က ကျေးလက်ဒေသသစ်တွေ တည်ဆောက်ပြီး အိမ်ဟောင်းတွေကို ပြုပြင်ဖို့၊ အန္တရာယ်ရှိတဲ့ အိမ်တွေကို ဖြိုချပြီး ပြန်ဆောက်ဖို့ ရန်ပုံငွေ ခွဲဝေပေးခဲ့တယ်။" လီကျောင်းက မီးဖိုပေါ်မှ ပြာများကို သုတ်လိုက်သည်။ “ရွာသားတွေ ဒီလိုအိမ်မျိုးမှာ မနေတာ ကြာလှပြီ။"

ကျန်းခွိုက်က ဒေါကန်သွား၏။ "သူတို့က လူမဟုတ်ဘူး။ ကြက်စပ်(အမှိုက်)အုပ်စုပဲ။"

ပျော်ရွှင်မှု/ေပ်ာ္ရႊင္မႈ  [Myanmar translation]Where stories live. Discover now