Chapter (17) Z+U ပုံကြီးချဲ့ခြင်း /ပုံကြီးချဲ့ခြင်း

5.1K 868 14
                                    

Zawgyi

ပုံကြီးချဲ့ခြင်း

“ဒါကို ဘယ်လိုလုပ်ပြီး အယူသည်းတာလို့ ခေါ်နိုင်မှာလဲ။ လူတွေကြားမှာ လျှို့ဝှက်ဆန်းကြယ်တဲ့ သံလိုက်စက်ကွင်းရှိတယ်ဆိုတဲ့ သိပ္ပံသီအိုရီတစ်ခုရှိတယ်။ သံလိုက်စက်ကွင်းတူတဲ့လူတွေ ဆုံမိတဲ့အခါ သူတို့ရဲ့သံလိုက်စက်ကွင်းက မျက်လှည့်ဆန်ဆန် ပြောင်းလဲသွားပြီး သူတို့ပတ်ဝန်းကျင်ကလူတွေကို သက်ရောက်စေလိမ့်မယ်။ အဲ့လူကိုမုန်းနေတဲ့သူတွေကလည်း သူ့ကိုတဖြည်းဖြည်းနှစ်သက်လာပြီး တန်ဖိုးထားတဲ့သူတွေကလည်း ပိုပြီးတန်ဖိုးထားလာကြလိမ့်မယ်။ ” လီကျောင်းသည် ရန်ထင်းအား သိပ္ပံနည်းကျမဟုတ်သည့်ယူဆချက်များအကြောင်း လေးနက်စွာ ပြောပြခဲ့သည်။ "မင်းနဲ့စတွေ့ကတည်းက ငါကံကောင်းလာတယ်လို့ မင်းမထင်ဘူးလား။ "

"တကယ်လား။" ရန်ထင်းသည် တံခါးကိုဖွင့်လိုက်ပြီး သွယ်လျသောခြေတံရှည်များနှင့် ဆင်းလာခဲ့၏ ။ ထို့နောက် သက်တော်စောင့်အား သူ့နောက်သို့ မလိုက်ရန် မျက်လုံးဖြင့် အချက်ပြလိုက်သည်။

"တကယ်ပေါ့။" လီကျောင်းက ကျယ်လောင်စွာ ပြောလိုက်၏ ။ “ကုမ္ပဏီအသစ်က ငါ့အတွက် ဧည့်သည်သရုပ်ဆောင်နေရာတစ်ခုကို စီစဉ်ပေးခဲ့တယ်။ ငါရက်နည်းနည်းလောက် ခရီးသွားရမယ်၊ ပြန်လာရင် မင်းအတွက် အမှတ်တရလက်ဆောင် ဝယ်လာခဲ့မယ်။”

"မင်းဘယ်လောက်ကြာကြာ သွားမှာလဲ။"

"အခန်းအများကြီးမရှိတာမို့ တစ်ပါတ်လောက်တော့ ကြာလိမ့်မယ်။"  လီကျောင်းသည် ချောင်ကျားပေးထားသည့် ဇာတ်ညွှန်းကို ခဏတဖြုတ် ကြည့်လိုက်သည်။ "ငါမနက်ဖြန် သွားရမှာ ၊ ငါပြန်ရောက်ရင် မင်းကို ညစာစားဖို့ ဖိတ်မယ်။ "

“ကောင်းပြီ။” ရန်ထင်းသည် ဇိမ်ခံအိမ်ရာရှိ ဥယျာဉ်နှင့်ရေပန်းကို ဖြတ်ကျော်သွားရသည်။ထိုနေရာ၌ ရေပန်းမှကျဆင်းနေသောရေသံနှင့် ကန်ရေပြင်တွင်ထင်ဟပ်နေသော လအရိပ်တို့သာ ရှိနေ၏ ။ "အပြင်သွားတဲ့အခါ မင်းရဲ့လုံခြုံရေးကို ဂရုစိုက်ပါ။ "

ပင်မအဆောက်အဦတံခါးသည် တိတ်ဆိတ်စွာ ပွင့်သွားပြီး အိမ်တော်ထိန်းနှင့် အစေခံတို့သည် ခေါင်းကို ငုံ့ထားကြ၏ ။ သူတို့သည် ဤဇိမ်ခံအိမ်ကြီး၏အဆင်တန်ဆာများကဲ့သို့ တိတ်ဆိတ်ပြီး လိုက်ဖက်ညီလျက်ရှိသည်။

ပျော်ရွှင်မှု/ေပ်ာ္ရႊင္မႈ  [Myanmar translation]Where stories live. Discover now