Chapter (42) လက်ဆောင်

4.1K 620 64
                                    

လက်ဆောင်

ချီးမွမ်းမြှောက်ပင့်မှုများနှင့် ပြည့်နေသည့် လုရန်ရိ၏ရေးစပ်သီကုံးမှုမှာ လုရန်ရိပရိသတ်များ၏ ခေါင်းပေါ်သို့  ဧကန်မုချ ရေခဲရေနှင့် လောင်းချလိုက်ခြင်း ဖြစ်သည်။ အတွင်းရေးလျို့ဝှက်ချက်များကို သိသည့် ပရိသတ်အကြီးစားအချို့မှာ ရုတ်ခြည်း ကြက်သေသေသွားကြ၏။ ယခင်က သူ့အလုပ်အဖွဲ့သည် လီကျောင်းအပေါ် မကျေနပ်မှုတစ်ချို့ ပြသခဲ့ကြောင်း ကြားသိခဲ့သည်။ ပွဲမပြီးခင် လုလုရဲ့ လေသံက ဘယ်လိုမျိုး ပြောင်းလဲသွားရတာလဲ။

လီကျောင်းကို ထပ်ခါတလဲလဲ ချီးကျူးနေတဲ့ အဲ့ဒီ Weibo ပိုစ့်ကို ကြည့်ပါဦး။ အဲ့ဒါက အရမ်းကို ခယဝယလုပ်လွန်းလို့ ဖိနပ်ကိုတောင် လျက်လုနီးနီးပဲ။ မဟုတ်ဘူး၊ ဒါက သူတို့ ထင်ယောင်ထင်မှား ဖြစ်နေတာပဲနေမှာ။ သူတို့ရဲ့လုလုက ထင်ရှားကျော်ကြားတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပြီး ထိပ်တန်းအဆင့် ပထမတန်းစား ကြံ့ခိုင်တဲ့အိုင်ဒေါတစ်ယောက်လေ။ အဆင့် ၁၈ အနုပညာရှင်လေးကို ချီးမွမ်းမြှောက်ပင့်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူး။

ဖြစ်နိုင်တာက...လီကျောင်းက လူကောင်းလေးလုလုကို ဆွဲဆောင်ဖို့ သူ့ရဲ့ကြာပန်းဖြူပုံရိပ်လေးကို အသုံးပြုခဲ့တာဖြစ်မယ်။ ဟုတ်တယ်၊ အဲ့လိုပဲ ဖြစ်ရမယ်။ လီကျောင်းက သူတို့လုလုရဲ့သွေးကိုစုပ်ပြီး နာမည်ကြီးအောင် လုပ်နေတာ။ လုရန်ရိပရိသတ်များသည် မကျေမနပ်ဖြစ်ကာ မှားယွင်းပြီး ဒေါသထွက်ခဲ့ရသော်လည်း သူတို့မှာ သည်းခံရုံသာ ရှိခဲ့သည်။ 

လုရန်ရိ၏ရိတ်သတ်များ တဖြည်းဖြည်း အားလျော့ပျောက်ကွယ်သွားသောအခါ ချန်ဟွမ်း၏နှစ်ပတ်လည်တွေ့ဆုံပွဲခေါင်းစဉ်သည် ပို၍အေးချမ်းလာခဲ့သည်။ ပရိသတ်များစွာနှင့် စီးပွားရေးလုပ်ငန်းမျိုးစုံက တစ်ယောက်ကိုတစ်ယောက် ဂုဏ်ပြုကြပြီး ပျော်ရွှင်စရာကောင်းသည့် နှစ်သစ်ဖြစ်ပါစေဟု အချင်းချင်း ဆုမွန်ကောင်းတောင်းပေးခဲ့ကြ၏။

သို့သော်ငြား လီကျောင်း၏သူဌေးလက်သစ်သူငယ်ချင်းသည် အင်တာနက်သုံးစွဲသူ အများအပြား၏ စိတ်ထဲတွင် စွဲထင်ကျန်ရစ်နေခဲ့သည်။ ပို၍အံ့သြစရာကောင်းသည်မှာ လီကျောင်း၏သူငယ်ချင်းပေါ်တွင် ထားသော ပွင့်လင်းသည့်စိတ်သဘောထားကြောင့် လီကျောင်းနှင့် သူ့သူငယ်ချင်းကြားတွင် မရိုးသားသည့်ဆက်ဆံရေး ရှိသည်ဟု လူအနည်းစုက ယူဆခဲ့ကြ၏။ သူတို့သည် အားကျမှု၊ မနာလိုမှု၊ မုန်းတီးမှုများအပြည့်နှင့် ဖြစ်နေခဲ့သည်။

ပျော်ရွှင်မှု/ေပ်ာ္ရႊင္မႈ  [Myanmar translation]Where stories live. Discover now