Chapter (72-2) Z+U မခါးသီးပါဘူး / မခါးသီးပါဘူး

3.8K 792 34
                                    

Zawgyi

မခါးသီးပါဘူး

"လီကျောင်း ငယ်ငယ်တုန်းက... တကယ်ကို သနားစရာကောင်းခဲ့တာလား။" အဝတ်လဲခန်းထဲတွင် စုန့်ယွီသည် လီကျောင်းနှင့်ပတ်သတ်သည့် သတင်းများကို ဖတ်ပြီးနောက် သူ၏စိတ်အခြေအနေမှာ အလွန်ရှုပ်ထွေးသွားခဲ့သည်။

လွှမ်းမိးခြယ်လှယ်နိုင်စွမ်းရှိသော အမျိုးသမီးဥက္ကဋ္ဌ ရိုက်ကူးရေးအဖွဲ့တွင် သူသည် လီကျောင်းက အလွန်ဆင်းရဲသောကြောင့် လှောင်ပြောင်နေခဲ့၏။ ယခုအခါ သူ့အသိစိတ်က ခက်ခက်ခဲခဲ ရုန်းကန်နေရသည်။

စုန့်ယွီက သူ့ကို ကယ်လိုရီများတဲ့ အစားအစာတွေဝယ်ပေးတဲ့အခါ လီကျောင်းက ဘာလို့ အမြဲတမ်း ပြောင်စင်အောင်စားလဲဆိုတာ အံ့သြစရာမရှိပါဘူး။ စုန့်ယွီက သူ့ကို ဘယ်လောက်ပဲ ကဲ့ရဲ့ကဲ့ရဲ့၊ သူက မသိချင်ယောင်ဆောင်ပြီး အပြုံးလေးနဲ့ အစားအသောက်ဘူးကို လက်ခံခဲ့တာလည်း အံ့သြစရာ မရှိတော့ပါဘူး။

လီကျောင်းက နှိပ်စက်ညှင်းပန်းခံရပြီး အသက်ဆုံးရှုံးလုနီးပါးဖြစ်ခဲ့တယ်။ ဒါပေမဲ့ ငါက ငါ့ရဲ့ကြိုသိနိုင်တဲ့အိပ်မက်ကို အားကိုးပြီး မူလကတည်းက လီကျောင်းပိုင်တဲ့ အရင်းအမြစ်တွေကို ခိုးယူချင်ခဲ့တယ်။ ငါက တကယ့်အလကားလူပဲ။ ငါက လူကြိုက်မများရင်တောင် အိမ်ပြန်ပြီး အမွေဆက်ခံလို့ရသေးတယ်။ လီကျောင်းကတော့ နာမည်ကြီးမလာဘူးဆိုရင် သူ့မှာ ဘာမှရှိတော့မှာ မဟုတ်ဘူး။

စုန့်ယွီသည် ကလေးတစ်ကိုယ်လုံး ဒဏ်ရာရနေသည့် ဓာတ်ပုံကို စိုက်ကြည့်နေသော်လည်း နောက်တစ်ကြိမ် ထပ်မဖတ်ဝံ့တော့ပေ။ လီကျောင်းသည် ဇာတ်ရုပ်ပြောင်းလဲခဲ့ရသော်လည်း လူကြိုက်များဆဲဖြစ်သည့်အတွက် သူ ဝမ်းမြောက်စပြုလာသည်။

"ရှောင်ယွီ၊ ရှိုးက ရိုက်ကူးဖို့ အဆင်သင့်ဖြစ်နေပြီ။" စုန့်ယွီကို သတိပေးရန် လက်ထောက်က ဝင်လာခဲ့သည်။

အချစ်ရသစုံရှိုးသည် ရလဒ်ကောင်းများ မရရှိခဲ့ဘဲ ဧည့်သည်တစ်ဦးက လမ်းတစ်ဝက်မှ ထွက်ခွာသွားသည့်အတွက် စုန့်ယွီက ဤလစ်လပ်နေရာကို ဖြည့်ရန် ဝင်လာခဲ့သည်။

ပျော်ရွှင်မှု/ေပ်ာ္ရႊင္မႈ  [Myanmar translation]Where stories live. Discover now