Chapter (66-1) Z+U သူဌေးကြီး / သူဌေးကြီး

3.7K 709 23
                                    

Zawgyi

သူဌေးကြီး

ကားကို လမ်းမတစ်လျှောက် ဖြည်းဖြည်းချင်း မောင်းနှင်လာခဲ့၏။ လီကျောင်းက လမ်းပေါ်ရှိ ငှက်သိုက်သကြားလုံးလှည်းကို ငေးကြည့်နေသည့် ရန်ထင်းကို သတိထားမိပြီး ယာဉ်မောင်းအား ပြောလိုက်သည်။ "ဆရာ၊ ရှေ့နားမှာ ခဏလောက် ရပ်ပေးပါ။"

ယာဉ်မောင်းက မြန်မြန်ဆန်ဆန်ပင် ကားကို လမ်းဘေးတွင် ရပ်ပေးပြီး လီကျောင်းက ရန်ထင်းကို တိုးတိုးလေး ပြောလိုက်သည်။ "ကားပေါ်ကနေ ငါ့ကို စောင့်နေနော်။"

လီကျောင်းက တံခါးဖွင့်ပြီး ကားပေါ်မှ အမြန်ပြေးဆင်းလိုက်၏။ ရန်ထင်း၏မျက်လုံးများက လီကျောင်း၏နောက်ကျောအတိုင်း ရွေ့လျားသွားပြီး လမ်းသွားလမ်းလာများကို ဖြတ်ကျော်ကာ ထိုပုံရိပ်ကလေး ဝေဝါးသွားသည်အထိ ကြည့်နေခဲ့သည်။ မကြာမီပင် လီကျောင်းလက်ထဲတွင် ကြီးမားသောပစ္စည်းနှစ်ခုကို ကိုင်ထားရင်း ကားပေါ်သို့ အမြန်ပြန်တက်လာသည်ကို မြင်လိုက်ရသည်။

တံခါးဖွင့်လိုက်သည်နှင့် အေးစိမ့်စိမ့် မွှေးရနံ့က ကားထဲတွင် စိမ့်ဝင်ပျံ့နှံ့သွားသည်။

"ဒါက မင်းအတွက်။" လီကျောင်းက ငှက်သိုက်သကြားလုံးကို ရန်ထင်းအား ခွဲဝေပေးလိုက်၏။ "စားကြည့်ပါလား။"

ငှက်သိုက်သကြားလုံးသည် သူငယ်စဉ်ကကဲ့သို့ပင် အလေးချိန်မရှိပေ။ ရန်ထင်းသည် ငယ်စဉ်က မှတ်ဥာဏ်များကို ပြန်ပြောင်းသတိရမိသွားသည်။ သူငယ်တန်းအခန်းထဲတွင် ကလေးများ အတူတူထိုင်ကာ သူတို့စားခဲ့ရသည့် ငှက်သိုက်သကြားလုံးက တိမ်တိုက်များကဲ့သို့ နူးညံ့ကြောင်း ပြောသည်ကို သူမှတ်မိသေး၏။ ထိုနေ့တွင် သူသည် လှေကားထစ်များပေါ်တွင် ထိုင်ကာ ကောင်းကင်ကို အချိန်အကြာကြီး မော့ကြည့်ရင်း တိမ်ဖြူဖြူများ မည်သို့မည်ပုံ ဖြစ်ပေါ်လာသည်ကို စိတ်ကူးကြည့်မိသည်။

အကယ်၍ သူသည် လမ်းပေါ်ရှိ ငှက်သိုက်သကြားလုံးဆိုင်ကို မမြင်မိပါက သူ၏ငယ်ဘဝ အတွေ့အကြုံကို ပြန်ပြောင်းသတိရလိမ့်မည် မဟုတ်ချေ။

ရန်ထင်းက ငှက်သိုက်သကြားလုံးအိတ်ကို ဖွင့်ပြီး ဖွဖွလေးလျက်ကြည့်လိုက်သည်။ သူငယ်ငယ်က တွေးထားသလောက် မနူးညံ့ဘဲ ပျံသန်းရသည့်ခံစားချက်ကိုလည်း မယူဆောင်လာခဲ့ပေ။ သဘာဝအရသာ မရဘဲ ပြုပြင်ထားသည့် အနံ့အရသာကိုသာ ရပေသည်။

ပျော်ရွှင်မှု/ေပ်ာ္ရႊင္မႈ  [Myanmar translation]Where stories live. Discover now