Chapter (20) ပိုက်ဆံပေးမယ်

4.6K 761 12
                                    

ပိုက်ဆံပေးမယ်

ညလေအေးများ တိုက်ခတ်လျက်ရှိ၏ ။ ကားတစ်စီးသည် အမှောင်ထုကို အလျင်အမြန် ဖြတ်သန်းသွားပြီး ဗီလာတစ်ခုရှေ့၌ ရပ်တန့်သွားခဲ့သည်။

"ဒေါက်တာကျိုး ၊ ဒီလမ်းပါ။" ယူနီဖောင်းဝတ်ထားသည့်အိမ်တော်ထိန်းသည် ထိုလူကိုကားတံခါးဝမှတဆင့် အလောတကြီး ခေါ်ဆောင်သွားသည်။ "သန်းခေါင်လောက်မှာ သခင်လေးရဲ့အပူချိန်က ပုံမှန်မဟုတ်တော့ဘူး။ အချိန်တိုအတွင်း ၃၉.၃ ဒီဂရီအထိ မြင့်တက်လာခဲ့တယ်။"

"ဘယ်လိုဖြစ်ပြီး ဒီလောက်ပြင်းထန်တာလဲ။" ဒေါက်တာကျိုးသည် ဆေးရုံသုံးလက်အိတ်များဝတ်ရင်း အပေါ်ထပ်သို့ တက်သွားသည်။ "အခုတလော သူအများကြီးမစားဘူးလား။"

အိမ်တော်ထိန်း၏အမူအရာက အနည်းငယ် ထူးဆန်းနေ၏ ။ “သခင်လေးက အခုတလော ခဏခဏ အပြင်သွားလေ့ရှိတယ်။ သူက ဘေးအိမ်ကို သန့်ရှင်းရေးလုပ်ပေးဖို့ တစ်ခြားသူတွေကို တောင်းဆိုခဲ့သေးတယ်။”

အပေါ်ထပ်သို့ သုတ်သီးသုတ်ပျာ တက်နေသည့် ဒေါက်တာကျိုးသည် အိမ်တော်ထိန်းကို လှည့်ကြည့်လိုက်သည်။ "မင်းဆိုလိုတာက သခင်လေးက တစ်ယောက်ယောက်ကို အစပြုပြီး ဆက်သွယ်တာလား။ "

"သခင်လေးက အမြဲလိုလို တိတ်ဆိတ်နေပြီး ကျွန်တော်တို့ကို သူ့ဘဝအကြောင်းနဲ့ပတ်သတ်လို့ ဆွေးနွေးခွင့်မပြုဘူးဆိုတာ ဒေါက်တာလည်းသိပါတယ်။" အိမ်တော်ထိန်းက သက်ပြင်းချရင်း ပြောလိုက်သည်။ "ဒါပေမဲ့ ဒီနှစ်မှာ သခင်လေးရဲ့စိတ်အခြေအနေက တော်တော်လေးဆိုးဝါးတယ်လို့ လက်ထောက်ချင်က ကျွန်တော့်ကို သီးသန့်ပြောပြခဲ့တယ် ... "

တစ်ချိန်တည်းမှာပဲ လူနှစ်ယောက်လုံး တိတ်ဆိတ်သွားကြ၏။ နှစ်များကုန်လွန်လာသည်နှင့်အမျှ သူတို့၏သူဌေးသည် ပိုမိုတိတ်ဆိတ်လာပြီး တက်ကြွမှုနည်းပါးလာသည်။ ယခုအခါ သူသည် စားသောက်ရန်နှင့် အိပ်စက်ရန်ပင် အခက်အခဲရှိလာသည်။ အာဟာရဖြည့်စွက်စာများကို ဂရုတစိုက် ပြင်ဆင်ပေးထားသော်လည်း သူ့ခန္ဓာကိုယ်သည် တဖြည်းဖြည်းအားနည်းလာဆဲ ဖြစ်သည်။

ဒေါက်တာကျိုးသည် အခန်းရှေ့ရောက်သော် တံခါးကိုမဖွင့်မီ ညင်သာစွာခေါက်လိုက်သည်။ တံခါးနောက်ကွယ်ရှိမြင်ကွင်းသည် သူတွေးထားသကဲ့သို့ အမှောင်ထုမဟုတ်ဘဲ မီးရောင်များ လင်းထိန်နေခဲ့၏။ ခပ်ပါးပါးဆွယ်တာကို ဝတ်ဆင်ထားသည့်ရန်ထင်းသည် လက်ထဲတွင် စာအုပ်တစ်အုပ်ကိုင်ထားပြီး ခုတင်ပေါ်တွင် ထိုင်နေသည်။ သူ၏ပါးပြင်ပေါ်တွင် ပုံမှန်မဟုတ်သည့် နီမြန်းမှုတစ်ခု ရှိနေပြီး ဆရာဝန်ဝင်လာသောအခါ လှည့်ကြည့်လိုက်သည်။

ပျော်ရွှင်မှု/ေပ်ာ္ရႊင္မႈ  [Myanmar translation]Where stories live. Discover now