Chapter (24) ချောက်ကမ်းပါး

4.2K 725 24
                                    

ချောက်ကမ်းပါး

ကံမကောင်းစွာဖြင့် တခယ်၏နှလုံးသား ပြိုလဲသွားသော်လည်း လီကျောင်း၏ selfieကို မတားဆီးနိုင်ခဲ့ပေ။ သူက စိတ်ပျက်လက်ပျက် ဖြစ်သွားသော်လည်း ယဉ်ကျေးသိမ်မွေ့သည့်အပြုံးလေးကို ထိန်းသိမ်းထားဆဲဖြစ်သည်။ "ကျောင်းကျောင်းရဲ့ နဂိုရုပ်ခံက ကောင်းပြီးသားမို့ ဘယ်လိုပုံပဲရိုက်ရိုက် လှနေမှာပါ။"

လီကျောင်း၏မျက်နှာသွင်ပြင်မှာ အချိုးအစားပြေပြစ်ရုံသာမက အသားအရည်မှာလည်း အလွန်ကောင်းမွန်လှပေသည်။ ထို selfie ရှုထောင့်မှာ ဆိုးရွားလွန်းသော်လည်း ဓါတ်ပုံမှာ ကြည့်ကောင်းနေဆဲပင်။ ပရိသတ်များက filter သို့မဟုတ် photoshop မပါသည့်၊ ရှုထောင့်ယူပုံ သာမန် ဖြစ်သည့် ဤပုံကို တွေ့ပါက လီကျောင်းကိုယ်တိုင် ရိုက်ထားခြင်းဖြစ်မည်ဟု ခန့်မှန်းကြပေလိမ့်မည်။

“ငါ့ဘေဘီလေးက တကယ့် ပင်ကိုအလှလေးဘဲ။ ကြောက်စရာကောင်းတဲ့ ရှုထောင့်ကနေ selfie ရိုက်တာတောင် အရမ်းကြည့်ကောင်းနေတယ် ။ ငါလုပ်နိုင်တယ်၊ ငါတကယ်လုပ်နိုင်တယ်။"

“ဒီရှုထောင့်ကနေ ရိုက်တာတောင်မှ မေးနှစ်ထပ် မရှိဘူး။ ယောကျ်ားရေ ၊ ကျွန်မ ရှင့်အတွက် ထမင်းလျော့စားဖို့ ဆန္ဒရှိပါတယ်။ "

"ကျန်းရှောင်ယွမ် ၊ သေဖို့ ထွက်လာခဲ့။ ဘေဘီလေးကို selfie ရိုက်နည်း ဘာလို့ မသင်ပေးထားတာလဲ။"

"သေချာတာကတော့ ကျန်းရှောင်ယွမ်က ငါတို့က ဘေဘီလေးကို ဆက်မကြိုက်အောင်လို့ ဘေဘီလေးကို ဒီလိုပုံမျိုး တမင်တကာ ရိုက်ခွင့်ပေးလိုက်တာ။ ပြီးရင် သူက ဘေဘီလေးကို ခေါက်ဆွဲဆိုင်ဖွင့်ဖို့ အိမ်ကိုခေါ်သွားမှာလား။"

"ကျန်းရှောင်ယွမ် ၊ မင်းက နှလုံးသားမရှိတဲ့ခွေးပဲ။ "

"ကျန်းရှောင်ယွမ် ၊ အဲ့ကိစ္စကိုမေ့လိုက်တော့။ ဘေဘီလေးက သူ့မျက်နှာသူ ရွှေဖရုံသီးပုံပေါက်အောင် ဓါတ်ပုံရိုက်ရင်တောင် ငါက သူ့ကိုဆက်ပြီး ကြိုက်နေဦးမှာ။ ကျေးဇူးပြုပြီး ဖျော်ဖြေရေးလောကကနေ တစ်ယောက်တည်းထွက်သွားပါ။”

ဖျော်ဖြေရေးလောက၏ စိတ်လှုပ်ရှားမှုသည် စူပါစတားများကို follow လုပ်မထားသည့်သူများအပေါ် သက်ရောက်မှု မရှိခဲ့ပေ။ အထူးလက်ထောက်ချင်သည် သူ၏မိသားစုကို ကူညီရန် နေ့တစ်ဝက် ခွင့်ယူထားခဲ့၏။ သူကုမ္ပဏီသို့ ပြန်ရောက်သောအခါ လက်ထောက်ဌာန၏လေထုမှာ အနည်းငယ် ထူးဆန်းနေခဲ့သည်။

ပျော်ရွှင်မှု/ေပ်ာ္ရႊင္မႈ  [Myanmar translation]Where stories live. Discover now