Chapter (43-1) Z+U မျက်ဝန်းတစ်စုံ /မျက်ဝန်းတစ်စုံ

3.8K 725 16
                                    

Zawgyi

မျက်ဝန်းတစ်စုံ

လီကျောင်းသည် ဒေါသထွက်နေသည့် သက်လတ်ပိုင်းအရွယ်အမျိုးသားကို စင်စစ် သိပေသည်။ အတိတ်တုန်းက လမ်းမများပေါ်တွင် သူ၏ပိုစတာများကို ကပ်ထားပြီး မရေမတွက်နိုင်သည့် အမျိုးသမီးများက သူ့ကို တမ်းတမ်းစွဲ ဖြစ်ခဲ့ကြ၏။ မီဒီယာများက သူ့ကို ပြိုင်ဘက်ကင်းနတ်ဘုရားတစ်ပါးဟုပင် ခေါ်ဝေါ်သမုတ်ခဲ့ကြသည်။

သို့သော် အလှတရားမှာ ဖြည်းဖြည်းချင်း ဟောင်းနွမ်းလာသည်။ တစ်ချိန်က လူကြိုက်များခဲ့သော ရှန်းခန့်သည် နှစ်များကုန်လွန်သွားပြီးနောက် တဖြည်းဖြည်း မှေးမှိန်သွားခဲ့၏။ မကြာသေးမီနှစ်များအတွင်း သူသည် အဓိကအိုင်ဒေါဒရမ်မာများတွင် ဇာတ်လိုက်မင်းသား သို့မဟုတ် ဇာတ်လိုက်မင်းသမီး၏ ဖခင်အဖြစ်သာ သရုပ်ဆောင်နိုင်ခဲ့သည်။ အတိတ်ကို တသသဖြစ်စွာနှင့် တည်းဖြတ်ထားသည့် ဗီဒီယိုများ ထွက်လာတိုင်း အင်တာနက်အသုံးပြုသူများသည် စိတ်ထိခိုက်မှုကြောင့် သက်ပြင်းချမိကြ၏။ 'ရှန်းခန့်က အရမ်းချောတာပဲ။ အချိန်က ချောမောလှပတဲ့ယောက်ျားတစ်ယောက်ကို သတ်လတ်ပိုင်းဦးလေးကြီးအဖြစ် ပြောင်းလဲစေခဲ့တယ်။'

"မင်္ဂလာပါ ဆရာရှန်း။" လီကျောင်းသည် အဆူခံနေရသည့် အကသမားများ ငိုတော့မလိုဖြစ်နေသည်ကို မြင်သဖြင့် ထိုလူကို နှုတ်ဆက်ရန် စကားစလိုက်သည်။

ရှန်းခန့်သည် စတိတ်စင်နောက်ရှိ ဤထောင့်ကျဉ်းလေးသို့ တစ်ယောက်ယောက် လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ သူက လီကျောင်းကို လှည့်ကြည့်ကာ သဘာဝမကျသော အပြုံးတစ်ခုကို ညှစ်ထုတ်လိုက်သည်။

ရှန်းခန့်လှည့်လာသည့်အခါ လီကျောင်းသည် သူ၏ဝတ်စုံပေါ်တွင် နို့လက်ဖက်ရည်များ စွန်းထင်းနေပြီး အနည်းငယ်ညစ်ပေသည့်ပုံ ပေါ်နေသည်ကို တွေ့လိုက်ရသည်။

"မင်္ဂလာပါ။" ရှန်းခန့်က သူ့စကားများကို ယခုမှ သတိရပြီး လီကျောင်း နားလည်မှုလွဲမည်ကို စိုးရိမ်ပြီး အလျင်စလို ရှင်းပြလိုက်၏။ "ဒီမိန်းကလေးနှစ်ယောက်က ငါ့အပေါ် နို့လက်ဖက်ရည်တွေလောင်းချမိပြီး ဝတ်စုံက တစ်စုံပဲရှိတယ်လို့ ၀န်ထမ်းက ပြောတယ်။ ငါ့ရဲ့ဖျော်ဖြေမှု ဖျက်သိမ်းရုံပဲရှိတော့တာမို့လို့ နည်းနည်း စိုးရိမ်နေတာ။ ငါတော့ မင်းကို ရယ်စရာတစ်ခု မြင်စေမိပြီ။"

ပျော်ရွှင်မှု/ေပ်ာ္ရႊင္မႈ  [Myanmar translation]Where stories live. Discover now