Chapter (52) ရန်ပွဲ

3.7K 670 29
                                    

ရန်ပွဲ

[အံ့သြဖို့ကောင်းလိုက်တာ။ ချန်ဟွမ်းရဲ့ အကြီးတန်းစီမံခန့်ခွဲသူက အဲ့ဒီလို ပြောခဲ့တယ်။] 

[ချန်ဟွမ်းရဲ့စီနီယာတစ်ယောက်ကတောင် ရူးသွပ်ရတဲ့ဇာတ်ကားက ဘယ်ဇာတ်ကားလဲ။] 

[စတားနောက်လိုက်ဖို့ လူကြီးလူကောင်းတစ်ယောက်ရဲ့ နောက်ဆုံးပေါ်နည်းလမ်းက ငွေရေးကြေးရေးရှိုးတစ်ခုမှာ သူ့ကို ချီးမွမ်းမြှောက်ပင့်ဖို့ပဲ ဖြစ်တယ်။]

“အရှက်မရှိတဲ့ အနုပညာရှင်တွေ။ နင်တို့ရဲ့ နိမ့်ကျတဲ့အတွေးအခေါ်တွေနဲ့ ဗီဒီယိုကို ဘယ်လိုမျိုး ဖြတ်ညှပ်ကပ်ထားတာလဲ။ လေးဖက်ထောက်ပြီး ထွက်သွားလိုက်တော့။"

“ဗီဒီယိုကို ဖွင့်လိုက်တာနဲ့ တံတွေးထွေးချင်စိတ်တောင် ပေါက်သွားတယ်။ ဒါပေမယ့် ဗီဒီယိုရဲ့ အကြောင်းအရာက အံ့သြစရာကောင်းလွန်းတယ်လို့ ခံစားမိစေတယ်။”

"လူကြီးမင်းရဲ့ အထောက်အထားကို ရှာဖွေပြီးတဲ့နောက် ငါ့ကိုယ်ငါ စတားနောက်လိုက်လေးတစ်ယောက် ဖြစ်ဖို့ မထိုက်တန်ဘူးလို့ တွေးမိသွားတယ်။"

"စတားနောက်လိုက်လေးတစ်ယောက် ဖြစ်ဖို့ မထိုက်တန်ဘူး။ +1"

“တကယ်လို့ ငါသာ ဒီရှိုးကို နောက်တစ်ခါ မကြည့်မိဘူးဆိုရင် ဒါကို မလိုတမာစိတ်နဲ့အငြိုးထားပြီး အပုတ်ချတာလို့ ထင်မိမှာပဲ။"

"ငါတော့ ပရိသတ်မဟုတ်ပေမဲ့ အရမ်းလေးစားသွားပြီ..."

"အပေါ်ကလီကျောင်းပရိသတ်ရေ၊ လေးစားမှုကို ဖော်ပြဖို့ တခြားသူရဲ့ပရိသတ်ပုံစံမျိုး ဟန်မဆောင်ပါနဲ့။ မင်းတို့မိသားစုရဲ့ အနုပညာရှင်က ဂြိုလ်သားသိပ္ပံဇာတ်ကားတစ်ကားကို လက်ခံထားတယ်။ ခွေးဖြစ်မဲ့ကိန်းဆိုက်နေပြီဆိုတော့ ဘယ်လိုငိုရမလဲဆိုတာကို အရင်စဉ်းစားလိုက်ပါ။"

“အပေါ်ကလူရေ မလိမ်ပါနဲ့။ ငါတို့မိသားစုရဲ့ကျောင်းကျောင်းက စတော်ဘယ်ရီအင်တာတိန်းမန့်ရဲ့သားအရင်းမဟုတ်ပေမဲ့ အနည်းဆုံးတော့ သူက မွေးစားသားတစ်ဝက်ပဲ။ စတော်ဘယ်ရီအင်တာတိန်းမန့်က သူ့ကို ဒီလောက်ဆိုးတဲ့ဒရမ်မာမျိုး ပေးမှာမဟုတ်ဘူး။"

ပျော်ရွှင်မှု/ေပ်ာ္ရႊင္မႈ  [Myanmar translation]Where stories live. Discover now