Chapter (51) မျက်နှာချိုသွေးခြင်း

1.6K 166 16
                                    

မျက်နှာချိုသွေးခြင်း

သူ့ဘာသာသူ သူများကို ပေးပစ်တာက ကိစ္စတစ်ခု၊ သူ့အတွက် ကတိပေးထားတဲ့ အရင်းအမြစ်တွေ လျို့ဝှက်ပြီး အလုခံရတာက တစ်ခြားကိစ္စတစ်ခုပဲ။

လုဟောင်သည် နှစ်ပေါင်းများစွာ ဖျော်ဖြေရေးနယ်ပယ်တွင် ခိုင်ခိုင်မာမာ ရပ်တည်နေခဲ့ပြီး အဆက်အသွယ်များစွာ စုဆောင်းနိုင်ခဲ့သည်။ သူသည် လက်ရှိကုမ္ပဏီနှင့် စာချုပ်ချုပ်ဆိုမှုကို အဆုံးသတ်ရန် စီစဉ်ထားသော်လည်း စိတ်ပျက်စရာကိစ္စ သိပ်မရှိခဲ့ပေ။

အတိတ်တွင် ထိုသို့ဖြစ်ပျက်ခဲ့ပါက သူစိတ်ဆိုးမည်မဟုတ်ပါ။ သို့သော် ယခုတစ်ခါက မတူပေ။ သူ တစ်စုံတစ်ယောက်အတွက် ပြင်ဆင်ပေးထားသည့် အရင်းအမြစ်များ ခိုးယူခံခဲ့ရသည်။

ကံကောင်းထောက်မ၍ လီကျောင်းသည် ဤရသစုံရှိုးအတွက် သူ၏အကြံပြုချက်ကို ငြင်းပယ်ခဲ့၏။ အကယ်၍ လီကျောင်းက သဘောတူသော်လည်း သူက လီကျောင်းအတွက် ထိုအရင်းအမြစ်ကို မရရှိနိုင်ပါက သူသည် နှစ်သက်မှုကို မပြသနိုင်ရုံသာမက လူများကိုပါ စော်ကားမိပေလိမ့်မည်။

၎င်းက သူ့ကို စော်ကားလိုက်ခြင်း ဖြစ်သည်။

သူ ထိုအကြောင်းကို ပိုတွေးမိလေလေ ပိုဒေါသထွက်လာလေလေပင်။ အသိုင်းအဝိုင်းထဲတွင် လျို့ဝှက်ချက်ဟူ၍ မရှိပေ။ လူငယ်လေးတစ်ယောက်က ထိုသို့စော်ကားလာသည်ကို သည်းခံနေပါက သူ့ကို ဖျော်ဖြေရေးနယ်ပယ်၏ ပထမတန်းစားမင်းသားအဖြစ် မည်သို့ သတ်မှတ်နိုင်တော့မည်နည်း။ သူ့နောက်ကွယ်တွင် လူဘယ်လောက်များများက သူ့အား ဟားတိုက်ရယ်နေမည်ကို မသိနိုင်ပေ။

လွန်ခဲ့သည့် ရက်အနည်းငယ်က ဇီကျားအင်တာတိန်းမန့်သည် သူ့ကို ကုမ္ပဏီသို့ အပါခေါ်နိုင်ရန် ရင်းနှီးမြုပ်နှံမှုအကြီးစားရုပ်ရှင်တစ်ခုကို အသုံးပြုကာ သူ့အနားသို့ တက်တက်ကြွကြွ ချဉ်းကပ်နေဆဲဖြစ်သည်။ သူသည် စတော်ဘယ်ရီအင်တာတိန်းမန့်နှင့် သဘောတူညီချက်မရရှိခဲ့ပါက ဇီကျားအင်တာတိန်းမန့်သို့ သွားမည်ဟု မူလက စီစဉ်ထားခဲ့၏။ ယခုအခြေအနေမှာ...

ဇီကျားမှ အဆင့် ၃၈ အနုပညာရှင်တစ်ဦးက သူ့မျက်နှာအား ဖြတ်ရိုက်ခဲ့သည်။ သူတို့နှင့် စာချုပ်ချုပ်မိပါက မည်သို့သော စက်ဆုပ်စရာများက သူ့အား စောင့်မျှော်နေမည်ကို မသိနိုင်ပေ။

ပျော်ရွှင်မှု/ေပ်ာ္ရႊင္မႈ  [Myanmar translation]Where stories live. Discover now