Season 2: Part 48

Start from the beginning
                                    

"ဟုတ်တယ်"

"မင်းနဲ့ငါ့ကလေးသာရှိမယ်ဆိုအဲ့ဒိကလေးအရွယ်ပဲနော်"

မသိသလိုပြောကြည့်လိုက်တော့ အကြည့်တစ်ချက်စူးခနဲဝင့်တက်လာသည်။ ထို့နောက်ကော်ဖီရောင်ဆံနွယ်အလိပ်လေးတွေကိုပါးရိုး‌ေပါ်‌ေနရာချကာမျက်နှာကိုကွယ်ပစ်လိုက်ပြီးတစ်ဖက်လှည့်သွား၏။ ပြီးတော့..

"ဟုတ်တယ်လေ..ရှင်နဲ့မဟေသီရဲ့ကလေးလည်းဒီအရွယ်ပဲနေမှာ"

သူမစကားလမ်းကြောင်းပြန်လွှဲတော့သူ့ကိုထိုးနှက်ဖို့ဖြစ်နေသည်။ ဖြတ်တက်သွားတဲ့ဆိုင်ကယ်တစ်စုကြောင့်လမ်းဘေးကပ်ပေးလိုက်ပြီး သတင်းကိုသူမဖြေဖြစ်သေးပဲကားဆက်မောင်းနေလိုက်၏။

ဟွန်း။ ဦးစူးရှတိတ်ကျသွားလိုက်တာ သတင်းစကားတွေချက်ကောင်းကိုထိသွားလို့နေမှာပေါ့။ ပန်းဆီရောင်နှုတ်ခမ်းလေးမသိမသာမဲ့ကျသွားကာ သူ့ဘက်ကိုမကြည့်မိအောင် window အပြင်ဘက်ကိုပဲမေးထောက်ကြည့်နေလိုက်သည်။

သူတို့ရောက်သွားချိန်ကနေ့လည်ခင်းကြီးမို့ တံတားပေါ်မှာလူရှင်းနေသလို နေကလည်းကြဲကြဲပူသည်။ ခြေနင်းတိုင်းတချို့နေရာတွေမှာတကျွီကျီမြည်သည့် သစ်လုံးအခင်းတွေပေါ်ခပ်ဖြေးဖြေးယှဉ်တွဲလျောက်လာကြရင်း...

"ကျွန်မရှင့်ကို‌ေပြာစရာရှိတယ်"

"ကိုယ်မင်းကိုမေးစရာရှိတယ်"

နှစ်ယောက်လုံးပြိုင်တူ‌ေပြာမိကြပြီးမှ ကင်းကပဲအလျော့ပေးလိုက်ကာ..

"မင်းအရင်‌ေပြာပါ"

ပြောပြီးကင်းက ဘောင်းဘီအိတ်ထဲလက်ထိုးထည့်လိုက်ကာ တံတားအောက်ခြေကခမ်းစပြုနေတဲ့ရေအိုင်‌ေပါက်စတွေထဲအကြည့်ပို့ထားလိုက်၏။

"လွန်ခဲ့တဲ့နှစ်ပတ်လောက်ကကျွန်မဆီပါဆယ်တစ်ခုရောက်တယ်..ပါဆယ်ပို့လိုက်တဲ့သူကမဟေသီလေ"

စကားစခဏရပ်ပြီး အောက်ငုံ့နေတဲ့ကင်းမျက်နှာမော့လာတဲ့အထိသတင်းကစောင့်သည်။

"အင်း"

ကင်းထံကအင်းတစ်လုံးကလွဲရင်ဘာမှတုန့်ပြန်မှုမရှိပေ။

ချစ်လို့ လွမ်းလို့ သူ့အနမ်းတွေနဲ့နေချင်လို့(Completed)Where stories live. Discover now