Chapter (81-2) Z+U မဝံ့ရဲပါ / မဝံ့ရဲပါ

Start from the beginning
                                    

လျို့ဖိန်နှင့်လုဟောင်တို့ forward လုပ်သော ပိုစ့်ကို မြင်သောအခါ ရှုပေ ဒေါသထွက်သွားသည်။ ချန်ဟန်က မကြာသေးမီက သူ့အနားမှ ထွက်ခွာသွားပြီး နာမည်ကြီးလာမည်ဟု သူ သိထားသည့်အရင်းအမြစ်များစွာကို ဆုံးရှုံးခဲ့ရ၏။ လီကျောင်းက အဖွဲ့နှင့်အတူ ညစာသွားစားပြီး ဝိုင်တစ်ခွက်တောင် မသောက်သည်ကို မြင်ပြီးနောက် ရှုပေ စိတ်ဓါတ်ကျသွားခဲ့သည်။  

လျို့ဖိန်လို အမျိုးသမီးတစ်ယောက်က ကုမ္ပဏီရဲ့အသစ်လေးကို ဘယ်လိုလုပ်ကာကွယ်ပေးနိုင်မှာလဲ။ သူမက လီကျောင်းနောက်မှာ ချင်ရှောင်းရှိတာကို သိလို့ သူ့ကို အာရုံစိုက်နေတာပဲဖြစ်မယ်။ ပြီးတော့ အဲ့ဒီလီပရိသတ်တွေက တစ်နေ့လုံး "ကလေးလေး၊ ဘေဘီလေး" လို့ပဲ အော်နေကြတာ။ လီကျောင်းက ချင်ရှောင်းရဲ့ ချစ်စရာကောင်းတဲ့ ကစားစရာအရုပ်လေးဆိုတာကို သူတို့ မသိကြဘူးလား။

သူ့ကို ပို၍ ဒေါသထွက်စေသောအရာမှာ စုန့်ယွီအဖွဲ့၏သေချင်ယောင်ဆောင်နေခြင်း ဖြစ်သည်။ သူတို့ဘက်မှ လီကျောင်းနှင့် ပတ်သက်သော အပျက်သဘောဆောင်သည့် ပစ္စည်းများအကြောင်း မည်သူ့ကိုမှ မထုတ်ပြခဲ့ပေ။ ထိုအစား၊ သူတို့က စုန့်ယွီနှင့်လီကျောင်း၏ ညီအကိုဆက်ဆံရေးကို လှုံ့ဆော်ပေးနေခဲ့သည်။

ဒါက လီကျောင်းရဲ့ ကျော်ကြားမှုတွေကို ကပ်ယူနေတာ မဟုတ်ဘူးလား။ စုန့်ယွီက ဒီသတင်းကို မထုတ်ပြချင်ဘူးဆိုမှတော့ ငါကပဲ ဒါကိုလုပ်ရတော့မှာပေါ့။ ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင်ကို မသတ်နိုင်လည်း ကိစ္စမရှိပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် စုန့်ယွီက မကောင်းသတင်းတွေနဲ့ ပြည့်နေတာပဲ။ ငါ လီကျောင်းကို ဖြေရှင်းပြီးတာနဲ့ စုန့်ယွီဘက် လှည့်လို့ရပြီ။

နာရီဝက်ခန့်ကြာသောအခါ အင်တာနက်ပေါ်တွင် သတင်းကြီးတစ်ခု ထွက်ပေါ်လာသည်။

အမည်မသိ အတင်းအဖျင်း  :  လူသိများလှတဲ့ စီးပွားရေးလုပ်ငန်းတစ်ခုရဲ့ အထူးလက်ထောက်က ထောက်ပံ့ပေးနေတဲ့ တက်သစ်စ လူငယ်သရုပ်ဆောင်တစ်ဦးအကြောင်း။ 

သူဟာ ဇိမ်ခံအိမ်ကြီးမှာနေထိုင်ပြီး နာမည်ကြီးကားတစ်စီးကို မောင်းတယ်။ သူက အသိုင်းအဝိုင်းထဲက ပထမတန်းစား ဖျော်ဖြေရေး ကုမ္ပဏီတစ်ခုနဲ့ လက်မှတ်ထိုးခဲ့တယ်။ ပြီးတော့ ပထမတန်းစား နာမည်ကြီးသရုပ်ဆောင်တွေရဲ့ အလေးပေးမှုမှာ ပျော်မွေ့နေပြီး ဖက်ရှင်အရင်းအမြစ်တွေကို ရယူနိုင်ခဲ့တယ်။ လက်ရှိ အနုပညာအသိုင်းအဝိုင်းမှာ နာမည်ကြီးနေတဲ့ အထက်တန်းလွှာက လူတွေကိုပါ ထည့်စဉ်းစားကြည့်ပေါ့။ ဒီအထူးလက်ထောက်က သူ့ရဲ့ချစ်သူလေးကို ပံ့ပိုးတဲ့အနေနဲ့ ကုမ္ပဏီအကြီးတန်းအရာရှိတွေရဲ့စားပွဲဝိုင်းဆီ ခေါ်သွားပေးတယ်လို့ ကြားမိတယ်။ အဲ့ဒါကြောင့် ငယ်ရွယ်တဲ့ချစ်သူလေးနဲ့ ပဋိပက္ခဖြစ်ဖူးတဲ့ နာမည်ကြီးအနုပညာရှင်တစ်ယောက်က ကြောက်ရွံ့သွားပြီး သူက မင်းသားငယ်လေးကို မြှောက်ပင့်တဲ့ စာအရှည်ကြီးကို ညတွင်းချင်း ရေးခဲ့တယ်။ အဲ့ဒီနာမည်ကြီးအနုပညာရှင်က အရမ်းသနားဖို့ကောင်းတာပဲ။ နောက်ပိုင်းကျတော့ အဲ့ဒီနာမည်ကြီးအနုပညာရှင်က အရမ်းကောင်းတဲ့ စာချုပ်အများအပြား ဆုံးရှုံးခဲ့ရပြီး တစ်နှစ်လုံး ဒုက္ခရောက်ခဲ့ရတယ်။ သူက ဘယ်သူ့ကိုများ အပြစ်ပြုမိလို့လဲ။  

ပျော်ရွှင်မှု/ေပ်ာ္ရႊင္မႈ  [Myanmar translation]Where stories live. Discover now