အပိုင်း (၆၀) (ကျိန်းသေပိုက်ဆံစုရမယ်)

Start from the beginning
                                    

" ဟင့်အင်း အဲ့ကိစ္စတွေက အဘိုးအတွက်တော့ အရေးပါတာမှ မဟုတ်ဘဲ။ အိမ်တော်တွေထဲမှာ လက်ရှိအချိန်ထိ အားကောင်းနေတာ တုန်ဖန်းအိမ်တော်ပဲရှိတော့တာ။ အရင်တုန်းက ဘာမှမဟုတ်ခဲ့တဲ့ ထန်အိမ်တော်နဲ့ ဟယ့်အိမ်တော်က အခုအချိန်မှာ အင်အားကြီးလာပြီး ကိုယ်တို့နဲ့ အပြိုင်အဆိုင်သဘောမျိုး ဖြစ်လာတယ်။ အဘိုးခေါင်းထဲမှာတော့ အိမ်တော်အတွက် အကျိုးအမြတ်ရဖို့ပဲရှိတာမို့ အသန်မာဆုံး အမွေဆက်ခံသူကို ပျိုးထောင်ဖို့ပဲ အရေးကြီးတာလေ"

ချီကျွင်းက မျက်မှောင်ကြုတ်လိုက်ပြီး " အဲ့လိုတော့ မလုပ်ပါနဲ့။ ပြောကြည့်ပါလား။ သဘောမတူရင်တောင်မှ မင်းရဲ့ရည်မှန်းချက်တွေကို သိသွားတာပေါ့"

တုန်ဖန်းရုန်က ချီကျွင်း၏မျက်နှာလေးကို တို့ထိလိုက်ပြီး " ကိုယ်ကြိုးစားကြည့်ပါ့မယ် "

တုန်ဖန်းရုန်သည် ကားဖြင့်လာကြိုခဲ့ပြီး သူတို့နှစ်ဦးကြားမှ အပြုအမူတို့ကြောင့် အနောက်ဘက်ကျောင်းဝင်းမှ လူများသာမက ဗဟိုကျောင်းဝင်းမှ ပြဿနာရှာချင်သူများပင် ချီကျွင်းအနားသို့ လွယ်လွယ်မကပ်ရဲကြတော့ပေ။ ဤသို့ဖြင့် ဖြစ်လာမည့် ပြဿနာများစွာကို စည်းတားလိုက်နိုင်ခဲ့သည်။ ဤနည်းလမ်းသည် အတော်လေးအရုပ်ဆိုးပြီး ဗရုတ်သုတ်ခဆန်သော်လည်း အသိမ်မွေ့ဆုံးနည်းလမ်းဟု ချီကျွင်း ခံစားမိသည်။

တုန်ဖန်းရုန်၏ဆက်ဆံပုံများကြောင့် ဤသန့်စင်လူသားလေးသည် ဗိုလ်ချုပ်၏နှလုံးသားထဲဝယ် နေရာအတော်ယူထားပြီဖြစ်ကြောင်း သဘောပေါက်သွားကြသောအခါ အားလုံးပုံမှန်ပြန်ဖြစ်သွားရသည်။ ထို့ပြင် တုန်ဖန်းယီမင်ကလည်း ထိုကောင်လေးကို ကူညီပေးနေသေးသည်။

တုန်ဖန်းယီမင်သည် သူ့အစ်ကိုကြီးထက်တော့ ပို၍ကောင်းမွန်သောသူဖြစ်ပြီး သူ၏ကိုယ်ရည်ကိုယ်သွေးက ပိုတောက်ပသည်။ အမြဲတမ်း တည်တင်းနေသော မျက်နှာထားရှိသည့် တုန်ဖန်းအိမ်တော်မှလူများနှင့် တုန်ဖန်းရုန်တို့ထက်စာလျှင် သူသည် ပိုပြီးဖော်ရွှေသည်ဟု အပြင်လူများက ထင်ကြသည်။ ထိုအချက်ကြောင့်လည်း မိသားစုထဲမှ လူအတော်များများနှင့် အပြင်လူများက သူ့ကိုထောက်ခံကြသည်။ တုန်ဖန်းရုန်သည် အိမ်တော်ဦးစီးနေရာကို လုံးဝမလိုချင်သည့်အပြင် မုန်းတီးနေနိုင်ကြောင်းကို သူသိပါသော်လည်း ထိုညီလေးမှာ သူ့အတွက်အင်အားကြီးမားသော ရန်သူဖြစ်လာခဲ့သည်ကိုမူ မတားဆီးနိုင်ခဲ့ပေ။ သို့သော် တုန်ဖန်းရုန်၏ ယုံကြည်မှုကို ရထားခြင်းသည် သူ့အတွက်နိုင်ကွက်ပင် မဟုတ်ပါလော။ နှလုံးသားထဲတွင်မူ ထိုဝမ်းကွဲညီလေးသည် သူ့အစ်ကိုအရင်းထက်ပင် သူနှင့်နီးစပ်သည်ဟု ခံစားရသည်။ အရေးကြီးဆုံးအချက်မှာ သူ၏ခယ်မလောင်းလေးသည် မည်မျှပင် ဆွဲဆောင်မှုရှိပါကြောင်းကို အလွန်သိချင်မိ၍ဖြစ်သည်။

အနာဂတ်သားရဲကမ္ဘာ၏ရှေးခေတ်သမားတော်Where stories live. Discover now