အပိုင်း (၆၀) (ကျိန်းသေပိုက်ဆံစုရမယ်)

Magsimula sa umpisa
                                    

" သားရဲကမ္ဘာမှာတော့ ကိုယ်ပိုင်စိုက်ခင်းလေးမှာတောင် လိုင်စင်ရှိနေဖို့ လိုအပ်တယ်။ ဒါကြောင့် အမေနဲ့အစ်မယိုလင်းတို့ရဲ့ စိုက်ခင်းကို ယူသုံးလို့ရတယ်။ ကိုယ်တို့အပိုင်လေးလဲ လုပ်ရဦးမှာပေါ့ ဒါပေမဲ့ အချိန်လိုတယ်လေ"

"အတိုချုံးရရင် စိုက်ခင်းအတွက် လိုအပ်တဲ့ပစ္စည်းလဲ များများစားစား မရှိပါဘူး။ ဒါပေမဲ့ အမေနဲ့တော့ အရင်တိုင်ပင်ရမယ် မဟုတ်လား။ ဆောက်လုပ်ရေးနဲ့တင် အတော်ကုန်မဲ့ပုံပဲ "

တုန်ဖန်းရုန်က ပြုံးလိုက်ပြီး " နောက်ပိုင်းကျရင် ကိုယ်တို့ရဲ့အိမ်လေးမှာလဲ စိုက်ခင်းတစ်ခု ရှိလာမှာပါ။ ငွေရေးကြေးရေးက ပြဿနာမှ မဟုတ်ပဲ။ မီးတောက်မြက်တွေဆီကနေ အကျိုးအမြတ်တွေ ရလာမှာကိုတောင် ထည့်တွက်စရာ မလိုဘူးလေ"

" အဲ့တာက မှန်ပါတယ်။ ဒါပေမဲ့ အမေနဲ့တိုင်ပင်ရဦးမယ်လို့ ငါတွေးမိနေတုန်းပဲ။ စကားမစပ် စနေနေ့မှာလုပ်မဲ့ ပါတီက ဘာအတွက်လဲ။ မင်း သွားမှာလား " ချီကျွင်း၏ စိုးရိမ်မှုများသည် စိုက်ခင်းအကြောင်းမှာ အခြားတစ်ခုစီ ရောက်သွားရသည်။ သူသည် အတိမအစောင်းမခံ ဖြစ်နေသလားဟု ထင်မိသော်လည်း ယခုအချိန်တွင် ဤသို့စုဝေးခြင်းက သူနှင့်တုန်ဖန်းရုန်တို့၏အကြောင်းနှင့် ပက်သတ်နေမည်ဟု ထင်နေမိသည်။ ဥပမာအားဖြင့် ထိုပွဲ၌ လူအိုကြီးသည် တုန်ဖန်းရုန်အား သင့်လျော်သောမိန်းကလေးတစ်ဦးနှင့် မိတ်ဆက်ပေးရန် အခွင့်ကောင်းပင် မဟုတ်ပါလော။

တုန်ဖန်းရုန်သည်လည်း ထိုအကြောင်း တွေးမိသွားဟန်တူသည်။ " အဘိုးကတော့ မဖြစ်မနေသွားရမယ်လို့ ပြောတယ်။ ကိစ္စတစ်ခုခုဖြစ်လာမယ်ဆိုရင်တောင် စိတ်မပူပါနဲ့ "

ချီကျွင်းက ပြုံးလိုက်ပြီး " ငါ အဆင်ပြောတယ်။ စကားမစပ် အဖေနဲ့အမေရော သွားရမှာလား "

"အဘိုးက အဲ့လိုမှာလိုက်တယ်။ ဒါပေမဲ့ မဖြစ်မနေမဟုတ်ပါဘူး။ အမေတို့က အိမ်တော်ကလုပ်တဲ့ ပွဲအတော်များများကို မတက်ကြဘူး။ ရှောင်ကျွင်း မင်းကိုမခေါ်သွားနိုင်လို့ ကိုယ်တောင်းပန်ပါတယ်"

ချီကျွင်းက ခေါင်းယမ်းပြလိုက်ပြီး "အခုအချိန်မှာတော့ ငါလဲ မသွားချင်သေးဘူး။ အချိန်မကျသေးဘူးမှတ်လား။ ဒီလိုကိစ္စတွေအတွက်နဲ့ တောင်းပန်စရာ မလိုပါဘူး။ တကယ်တမ်းတော့ မင်းရဲ့အဘိုးက မင်းကို ပိုကောင်းစားစေချင်ရုံပါ။ အနာဂတ်မှာ မင်းလုပ်မဲ့ကိစ္စတွေ ရည်မှန်းချက်တွေအကြောင်းကိုရော သူ့ကို ပြောပြမှာလား "

အနာဂတ်သားရဲကမ္ဘာ၏ရှေးခေတ်သမားတော်Tahanan ng mga kuwento. Tumuklas ngayon