Chapter (76-2) Z+U အင်တာဗျူး

Start from the beginning
                                    

ငါတို့က မိဘတွေရဲ့အချစ်ကို မရခဲ့တော့ သားသမီးတွေကို ဘယ်လိုချစ်ပေးရမယ်ဆိုတာ သေချာမသိဘူး။ ငါတို့ ချစ်နိုင်တယ်ဆိုတဲ့အချက်နဲ့တင် တော်တော်လေးကောင်းနေပါပြီ။

ကျူးရှနှင့် အခြားသူများ ထွက်ခွာသွားကြသည်။ ရန်ထင်းက ကားထဲတွင် ထိုင်ကာ လီကျောင်းကို တိတ်တိတ်လေး ကြည့်နေခဲ့သည်။ထို့နောက် သူက လီကျောင်း၏ခေါင်းကို သူ့ဘက်သို့ဆွဲကာ လီကျောင်းအား သူ့ခန္ဓာကိုယ်အပေါ် မှီခွင့်ပြုထားလိုက်၏။ ကားမောင်းသူသည် ကားကို ဖြည်းညှင်းစွာ မောင်းနေပြီး တစ်ကားလုံး အရက်နံ့သင်းသင်းနှင့် ပြည့်နေသည်။

လီကျောင်းက အနည်းငယ် အမူးပြေသွားပြီး မျက်လုံး ဖွင့်မကြည့်သော်လည်း သူမှီနေသောလူမှာ ရန်ထင်း ဖြစ်ကြောင်း သူသိသည်။ "ထင်းထင်း ငါတို့အိမ်ပြန်နေတာလား။"

"ဟုတ်တယ်။ ငါတို့အိမ်ပြန်နေတာ။"

လီကျောင်း လှုပ်ရှားသွားသည်။ "ကောင်းလိုက်တာ..."

ရန်ထင်းက ခေါင်းညိတ်ပြီး လီကျောင်း ဆက်ပြောမည်ကို စောင့်နေ၏။ သို့သော် လီကျောင်းက ဆက်မပြောဘဲ ဇာတ်ညွှန်းထဲမှစာကြောင်းတစ်ကြောင်းကို ရေရွတ်လိုက်သည်။

"စကြာဝဠာကြီးက ကျယ်ပြောတယ်။ မင်းနဲ့ငါက သမုဒ္ဒရာထဲက ရေတစ်စက်သာသာပဲ။ အချိန်ရဲ့ရေစီးကြောင်းထဲမှာ ဘယ်အရာကမှ ပြောဖို့မထိုက်တန်ဘူး။"

"ကျွန်တော်က ရည်မှန်းချက်ကြီးတယ်..."

လီကျောင်း ရုတ်တရက် ထထိုင်ပြီး ရန်ထင်းကို စိုက်ကြည့်လိုက်သည်။ "ငါက ရည်မှန်းချက်ကြီးတယ် ပြီးတော့ နောက်စာကြောင်းက ဘာလဲ။"

ရန်ထင်းက မထိန်းနိုင်တော့ဘဲ လီကျောင်း၏ ပူနွေးနေသော မျက်နှာကို ထိရန် လက်လှမ်းလိုက်၏။ သူ နောက်စာကြောင်းကို မသိသော်လည်း သူ့ကိုယ်သူ ရည်မှန်းချက်ကြီးသူဖြစ်ကြောင်း သိပါသည်။

အရက်မူးနေသောလီကျောင်းသည် ရန်ထင်း၏ လက်ကောက်ဝတ်ကို ရုတ်တရက် လှမ်းကိုင်လိုက်သည်။ "ကမ္ဘာကြီးက လှပလွန်းတယ်။ မင်းကို အရှုံးမပေးစေချင်ဘူး ဒါကြောင့် လက်မလျှော့လိုက်ပါနဲ့။"

ပျော်ရွှင်မှု/ေပ်ာ္ရႊင္မႈ  [Myanmar translation]Where stories live. Discover now