အပိုင်း ( ၁၂) (စစ်ရေးပြသင်တန်းမှာလဲ ခွဲခြားတာပဲလား)

Start from the beginning
                                    

   ချီကျွင်းက ပေါ့ပေါ့ပါးပါး ပြုံးလိုက်သည်။  ထိုမိသားစု၏ ချီကျွင်းအပေါ်ဆက်ဆံပုံကို တွေးရသည်မှာ အနည်းငယ်တော့ ကို့ရို့ကားယား ဖြစ်နေသည်။  "ဘာလို့လဲဆိုတော့ စိတ်စွမ်းအားကြံ့ခိုင်မှု အားနည်းလွန်းတာကြောင့် အများကြီး မလေ့လာခဲ့ရပါဘူး။ ဒါပေမယ့် အနာဂတ်မှာ ကျွန်တော် ကြိုးစားပါ့မယ်။"

  ချန်းယွင်က "ဒီလို ကိုယ့်ကိုယ်ကို နှိမ့်ချမနေပါနဲ့။ စိတ်စွမ်းအားက အရာအားလုံးကို ကိုယ်စားမပြုပါဘူး။  သန့်စင်တဲ့လူတွေက မက်ဂါစက်ရုပ်တွေကို မောင်းစရာမလိုပါဘူး။ ဒါကြောင့် ဉာဏ်ပညာက ပိုအရေးကြီးတယ်။ မင်းကိုကြည့်ကြည့်လေ။ အရသာရှိတဲ့အစားအစာတွေ မင်းလုပ်နိုင်တယ်။  ပေါ့ပေါ့ပါးပါးပဲနေ အနာဂတ်မှာ မင်းကဘယ်ဌာနကပဲဖြစ်ဖြစ် အဆင်ပြေတယ်။ တရားဝင်လက်မှတ်မရှိရင်တောင် သရေစာဆိုင်လေး ဖွင့်လိုက်တာနဲ့တင် အဆင်ပြေပြီ။"

   ချီကျွင်းကပြုံးလိုက်ပြီး "ဒါဆို မင်းရဲ့ ကံကောင်းစေတဲ့ စကားလုံးတွေကို ငါ မှတ်ထားရမှာပေါ့။ ဒါပေမဲ့ ရှေးခေတ်ဆေးပညာကို အနာဂတ်ဆီ သယ်ဆောင်လာလိမ့်မယ်လို့ ငါယုံကြည်တယ်။ ပါမောက္ခတွေလိုပဲ ငါလဲယုံကြည်တယ်"  သူ့ကိုဒီလို ဒီလိုရုပ်တည်နဲ့လိမ်တတ်အောင် ဘာကများသင်ပေးလိုက်တာပါလဲ။
  
ပဉ္စမအကြိမ် စစ်ရေးလေ့ကျင့်စခန်းသည် တော်ဝင်မြို့တော်ပြီးလျှင် ဒုတိယအကြီးဆုံး စစ်စခန်းဖြစ်သည်။  တော်ဝင်တက္ကသိုလ်မှ စစ်ရေးလေ့ကျင့်မှုပြုလုပ်ရန် တပ်ရင်းတစ်ခုခွဲဝေချထားနိုင်သည့်နေရာကို ကြည့်ခြင်းအားဖြင့် တက္ကသိုလ်သည် မည်မျှအင်အားကြီးသည်ကို သိနိုင်ည်။

  ရထားတွဲသည် အခြေစိုက်စခန်းအပြင်ဘက်ရှိ လုံခြုံသော ထွက်ပေါက်တစ်ခုတွင် ရပ်သွားသည်။  ကားပေါ်ပါသော လူ ၃၀၀ သို့မဟုတ် ထို့ထက်မကသောလူတို့သည် ၃ယောက်တစ်တန်း ရင်ဘောင်တန်းစီကာ သီးခြားလမ်းမှတဆင့် စစ်အခြေစိုက်စခန်းသို့ လျှောက်သွားခဲ့ရသည်။
 
   သီးသန့်ခွဲထားသော ထိုနယ်မြေသည် သာမန်ကမ္ဘာမြေကဲ့သို့ပင်။ အနီးကပ်ကြည့်ရင်တောင် သာမန်မျက်စိနဲ့ ကြည့်လို့ကောင်းတုန်းပါပဲ။ အဲ့တာတွေက အရေးကြီးဆုံးအရာမဟုတ်သေးပေ။ အဓိကအချက်ကတော့ ကာထားတဲ့နံရံအပြင်ဘက်မှာ သားရဲတိရိစ္ဆာန်တွေရှိနေပြီး အဆိပ်ပင်တွေလဲ ရှိနေတဲ့ အန္တရာယ်ရှိသောနေရာဖြစ်သည်။ ထိုအရာက ကျောင်းသားကျောင်းသူအားလုံး၏ နှလုံးသားကို တုန်လှုပ်သွားစေခဲ့သည်။

အနာဂတ်သားရဲကမ္ဘာ၏ရှေးခေတ်သမားတော်Where stories live. Discover now