အပိုင်း ( ၁၂) (စစ်ရေးပြသင်တန်းမှာလဲ ခွဲခြားတာပဲလား)

Start from the beginning
                                    

အံ့ဩဖို့ကောင်းတာက အသိမိတ်ဆွေဟောင်းကို သူ၏ဆရာအဖြစ် တင်မိခဲ့သည်။  ပြီးတော့ အဲ့ဒီလူက ဒဏ္ဍာရီထဲကလို တစ်ယောက်တည်း သွားလာနေတတ်တဲ့ မျက်နှာသေနဲ့ လူမျိုး ဖြစ်နေတာက ချီကျွင်းကို ခဏလောက် စိတ်ရှုပ်သွားစေခဲ့သည်။  ထျန်းကျီက သူ့ကို ဂိမ်းကစားခွင့်ပေးတယ် လို့ မပြောသေးပဲ ဆက်ကစားနေရင်တောင် ကစားဖို့က ခက်ခဲဦးမယ်လို့လည်း သူထင်ခဲ့သည်။  ဒါမှမဟုတ်လဲ အိုင်ကျူမြင့်လာဖို့ ဦးနှောက်ကိုခွဲစိတ်ရန် ဂိမ်းထဲကထွက်လိုက်ပြီး အိပ်လိုက်တာကပင် ပိုကောင်းဦးမည်။  မနက်ဖြန်ကျရင် သူ စစ်ရေးလေ့ကျင့်ရေးစခန်းကို ဝင်ရတော့မည်။

  တော်ဝင်မြို့တော်နှင့် နှစ်ပေါင်းများစွာ ပူးပေါင်းဆောင်ရွက်ခဲ့သည့် ပဉ္စမအကြိမ်မြောက် စစ်ရေးလေ့ကျင့်ရေးစခန်းသည် တော်ဝင်တက္ကသိုလ်နှင့် ဝေးကွာလွန်းသည့် ဘေးကင်းသောမြို့တစ်ခုတွင် အခြေစိုက်သည်။  ချီကျွင်းနဲ့ တခြားသူတွေဟာ ရထားပေါ်တက်ပြီး လေ့ကျင့်ရေးစခန်းကို ရောက်ဖို့  လုံခြုံမှုမရှိတဲ့ မြေအောက်ဥမင်လိုဏ်ခေါင်းကနေ ၃နာရီကြာ ဖြတ်သွားရသည်။
 
  ချီကျွင်း သည် အချိန်နှင့်တစ်ပြေးညီ စောင့်ကြည့်ရေးစခရင်မှ ဘေးကင်းမှုမရှိသော ဧရိယာပြင်ပကို မြင်တွေ့ရခြင်းမှာ ဒုတိယအကြိမ်ဖြစ်သည်။  ဒီအချိန် သူတို့လာခဲ့ရသည့်လမ်းက မြေပြင်မှာ အရင်ကထက် ပိုအန္တရာယ်များပုံရသည်။  ဧရာမစပါးအုံးမြွေကြီးကို မီးရှူးများထုတ်သည့် တိရစ္ဆာန်သားရဲတစ်ကောင်က တိုက်ခိုက်နေတာကို သူမြင်ခဲ့သည်။  ပတ်ဝန်းကျင်မှာလည်း အပင်တွေအများကြီးရှိသည်။  သို့သော် ရထား၏အရှိန်သည် မြန်နေသေးသောကြောင့် ထိုမြွေကြီး နိုင်လားရှုံးလား မသိနိုင်ပေ။  ဒါပေမဲ့ သူစိုးရိမ်နေတာ တစ်ခုခုတော့ ရှိနေပါသေးသည်။  "မီးက အဝေးကြီးကို မရောက်နိုင်ဘူးမလား"

  ထိုင်ခုံများကို စိတ်ကြိုက်ရွေးချယ်ခဲ့ပြီး သွမ့်ချန်းဟွား သည် ချီကျွင်း၏ဘေးတွင်လာထိုင်သည်။ "မဟုတ်ဘူး၊ အချိန်မရွေးမီးငြိမ်းသတ်ပေးမဲ့ ကင်းလှည့်ကိရိယာတွေရှိတယ်။ မင်းက အဲ့လိုအရာတွေနဲ့ သိပ်မရင်းနှီးဘူးထင်တယ်။ မင်းအိမ်ပြန်ရောက်ရင်တော့ သေချာသတိထားရမှာပဲ။"

အနာဂတ်သားရဲကမ္ဘာ၏ရှေးခေတ်သမားတော်Where stories live. Discover now