Chapter (71-2) Z+U နွေးထွေးမှု /နွေးထွေးမှု

Start from the beginning
                                    

ရန်ထင်းက သူ့ကို ငေးကြည့်နေခဲ့သည်။ အချိန်အကြာကြီး ကြည့်နေပြီးနောက် ရန်ထင်းက ရုတ်တရက် လက်လှမ်းပြီး လီကျောင်းကို သူ့ရင်ခွင်ထဲ ဆွဲသွင်းလိုက်သည်။ လီကျောင်းသည် ထူးထူးခြားခြား ပွေ့ဖက်ခံလိုက်ရသဖြင့် အေးခဲသွား၏။ ထို့နောက် သူက လက်လှမ်း၍ ရန်ထင်း၏ကျောကုန်းကို ပုတ်ပေးလိုက်သည်။ “ဝမ်းမနည်းပါနဲ့။ ကိစ္စတစ်ခုခုရှိရင်လည်း ငါမင်းနားမှာရှိနေမှာပါ။" 

လူသားတစ်ယောက်အနေနှင့် အားနည်းသည့်အချိန်ကာလများ ရှိခဲ့ပေလိမ့်မည်။ သူငယ်ချင်းကောင်းများက အချင်းချင်း နားလည်မှု ရှိသင့်သည်။ သူမည်မျှ နာကျင်ခံစားခဲ့ရသည်ကို မခန့်မှန်းနိုင်လောက်အောင် လီကျောင်း၏ ခန္ဓာကိုယ်က ငယ်ရွယ်နုပျိုမှုနှင့် တက်ကြွမှုကို လှစ်ဟပြသထား၏။ အဲ့ဒီအမာရွတ်တွေ၊ အဲ့ဒဏ်ရာတွေ...

ထိုဓာတ်ပုံများကို သူမြင်လိုက်သည်နှင့် ရန်ထင်း စိတ်ဖောက်သွားခဲ့သည်။ ရန်ထင်းက လီကျောင်းကို ဂရုတစိုက် ဆုပ်ကိုင်ထားပြီး ဤလူကို နာကျင်အောင်လုပ်မိမည်ကို စိုးရွံ့နေခဲ့သည်။ လီကျောင်းက ဘာလို့ဒီလောက်တောင် နာကျင်ခံစားခဲ့ရတာလဲ။

"ကျောင်းကျောင်း…" ရန်ထင်းက သူ့ကို ထိုအတိုင်း ဆုပ်ကိုင်ထားချင်သော်လည်း မလုပ်ရဲပေ။ သူ့အတွင်းစိတ်ထဲရှိ ရူးသွပ်မှုကို လွှတ်ပေးလိုက်ခြင်းက ဆင်းရဲဒုက္ခများ ပြည့်နှက်နေသော ကလေးငယ်၏ဘ၀ကို ပိုမိုထိခိုက်စေမည်ကို သူကြောက်ရွံ့ပေသည်။

“အင်း…။” လီကျောင်းက အချိန်အတော်ကြာအောင် ငြိမ်နေရင်း ရန်ထင်း၏ကျောကို ပုတ်ပေးနေခဲ့သည်။

"မင်းရဲ့အတိတ်​မှာ ဘာတွေပဲ ဖြစ်ခဲ့ပါစေ…မင်းရဲ့အနာဂါတ်​မှာ ငါအမြဲတမ်းရှိနေမယ်… "

ဤကမ္ဘာကြီးသည် ဆူညံပြီး ငြီးငွေ့စရာကောင်းသော်လည်း သူသည် ကျောင်းကျောင်းအား ကမ္ဘာကြီး၏မလိုမုန်းထားမှုများကို တစ်ယောက်တည်း ရင်ဆိုင်ခွင့် မပေးနိုင်ပေ။ သူ လီကျောင်းကို ကာကွယ်ပေးချင်တယ်၊ သူ့ရဲ့တစ်ခုတည်းသော အရောင်လေးကို ကာကွယ်ပေးချင်တယ်။

"မင်းရဲ့အနားမှာ ငါရှိတယ်။" ရန်ထင်းသည် လီကျောင်းကို လွှတ်ပေးပြီး လီကျောင်း၏ မျက်လုံးများကို စိုက်ကြည့်လိုက်၏။ "ဘာတွေပဲဖြစ်​နေပါစေ…ငါမင်းနဲ့အမြဲအတူရှိ​နေမယ်။"

ပျော်ရွှင်မှု/ေပ်ာ္ရႊင္မႈ  [Myanmar translation]Where stories live. Discover now